Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် အင်အားဖြည့်စစ်ကြောင်းနဲ့ KNU တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် ၊ကတိုင်တိဒေသဆီ စစ်ကောင်စီတပ်က အင်အားဖြည့်လာပြီးနောက် KNU တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် ၊ကတိုင်တိဒေသဆီ စစ်ကောင်စီတပ်က အင်အားဖြည့်လာပြီးနောက် KNU တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

အခုလ စက်တင်ဘာအစောပိုင်းကစတင်ပြီး ဖာပွန် ခရိုင် ၊ကမမောင်းမြို့ကနေ ကတိုင်တိဒေသဘက်ဆီ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်အင်အား ၁၀၀ ကျော် ရောက်ရှိလာတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်လာတာကြောင့် KNU တပ်မဟာ ၅ တပ်ဖွဲ့ တွေနဲ့ အခုရက်ပိုင်းအတွင်း ကတိုင်တိဒေသမှာ တိုက်ပွဲတွေ ဖြစ်လာတာပါ။

တိုက်ပွဲတွေကြောင့် ကတိုင်တိဒေသခံတွေဟာ မိုင် ၃၀ ခန့် ဝေးတဲ့ ကမမောင်းမြို့ဆီ သွားရောက်တိမ်းရှောင်နေရတယ်လို့ ကမမောင်းဒေသခံကပြောပါတယ်။

” ရွာသားတွေ ကမမောင်းကို လာရှောင်နေကြတယ်” လို့ ကမမောင်းဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖာပွန်အခြေချ စစ်ဗျုဟာကို KNU တပ်မဟာ ၅ က ဝန်းရံပိတ်ဆို့ ထားတာဖြစ်ပြီး ပိတ်ဆို့ခံထားရတဲ့ ဗျုဟာဆီ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတာပါ။

ဖာပွန်ဗျုဟာဆီ စစ်ကူ သွားဖို့အတွက် စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဟာ ကတိုင်တိ ဒေသဘက်ဆီ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။