သတင်း မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံတဲ့ ရှေ့နေအမျိုးသမီး ဆေးရုံမှာဆုံးပါး မိသားစုဝင်တွေလည်းဖမ်းခံရတဲ့အပြင် အဆက်အသွယ်လည်းမရတာကြောင့် မနေ့က ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပါ။ LuduNwayOoဇွန် 13, 2022
သတင်း ရဟတ်ယာဉ်အမှုမှာ NLD လူကယ်ပြန် ဒုဝန်ကြီး ကို သက်သေအဖြစ် စစ်ဆေးမယ် ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။ LuduNwayOoဇွန် 13, 2022
ဗီဒီယို စစ်အေးခေတ်နောက်ပိုင်း နိုင်ငံတကာ နျူကလီးယားလက်နက် သိုလှောင်မှု ပထမဆုံးအကြိမ် ပြန်မြင့်တက်လာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက် ထောက်ပံ့ပေးနေတဲ့ အခြေအနေတွေက နှစ်ဖက် တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေပြီး နျူကလီးယား လက်နက် ပိုင်ထားတဲ့ နိုင်ငံ ၉ ခုရဲ့ လက်နက်တိုက်တွေ ချဲ့ထွင်စေဖို့ တွန်းအား ဖြစ်လာကြောင်း... LuduNwayOoဇွန် 13, 2022
သတင်း စက်သုံးဆီများဆီပြတ်လျှင်အရေးယူမည်ဟု စစ်ကောင်စီ၏စက်သုံးဆီအသင်းကခြိမ်းခြောက် ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၆၄၀ကျပ်ပေါက်ဈေးရှိသည်။ LuduNwayOoဇွန် 13, 2022
သတင်း တောင်သာမြို့နယ်မှစစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးသေနတ်ခါးကြားထိုးရာကျည်ထွက်၍ ပေါင်ထိမှန် စစ်ကောင်စီတပ်သည် ကား၃စီးဖြင့် တမိုက်သာကျေးရွာသို့ရောက်လာခဲ့ကြပြီး၎င်းတို့ခန့်အပ်ခဲ့သည့်အုပ်ချုပ်ရေးမှူး၏ ဖြစ်စဥ်ကို မေးမြန်းခဲ့ကြသည်ဟု ဒေသခံတို့က များကသည်။ LuduNwayOoဇွန် 13, 2022
သတင်း သရက်ခရိုင် စုပေါင်းရုံးကို ဗုံးပစ်တိုက်ခိုက် "ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်"ဟု သရက် PDF က ပြောသည်။ LuduNwayOoဇွန် 13, 2022
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်အား လှည့်ကွက်ဖြင့်ဟန်ပြမိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦးသေ အဆိုပါစစ်ဆင်ရေးအား DRPAမှ မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊M.A.C.T ထောက်ပို့တပ်၊ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။ LuduNwayOoဇွန် 13, 2022
သတင်း တန့်ကြည့်တောင်အနောက်ဘက်ရှိရွာသုံးရွာကို စစ်ကောင်စီတပ်မီးရှို့ သဖြင့် အိမ်ခြေ ၁၇၀ကျော်ဆုံးရှုံး စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။ LuduNwayOoဇွန် 13, 2022
သတင်း ဝေါ်လေရဲစခန်းသိမ်းစဥ်အနီးရှိစစ်ကောင်စီတပ်ကစစ်ကူမပေးနိုင်ခဲ့ ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။ LuduNwayOoဇွန် 13, 2022
ဗီဒီယို လောင်စာဆီကို ခွဲတမ်းစနစ်နဲ့ပဲ ရောင်းချနိုင်တော့မယ်လို့ သီရိလင်္ကာ အစိုးရ ဝန်ခံ သီရိလင်္ကာ အစိုးရဟာ ဧပြီလကတည်းက ကားတွေ၊ ဆိုင်ကယ်တွေကို တစ်ကြိမ်ဆီဖြည့်ရင် ပမာဏ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ရနိုင်မယ် ဆိုတာမျိုး ကြေညာထားပြီးသားပါ။ အခုတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာမယ့် သဘောပါပဲ။ LuduNwayOoဇွန် 13, 2022