Hi, what are you looking for?
ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။
နွေဦးတော်လှန်ရေးတွင် ဗိုလ်သံမဏီ အမည်မှာ အနည်းဆုံး သုံးဦးရှိသည်။ ယင်းမာပင် PDF ခေါင်းဆောင်မှာလည်း ဗိုလ်သံမဏီ ခေါ် သပြေအေးဆရာတော်အရှင်သောပါက ဖြစ်ပြီး ၊ ခင်ဦး PDF တွင်လည်း ဗိုလ်သံမဏီရှိသည်။အထက်ပါတိုက်ပွဲ ဖြစ်ပွားသောအဖွဲ့မှာရွှေဘိုဒေသခံPDFဖြစ်ကာ ရွှေဘို PDF မှဗိုလ်သံမဏီကျဆုံးခဲ့ခြင်းဖြစ်သည်။