Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်အေးခေတ်နောက်ပိုင်း နိုင်ငံတကာ နျူကလီးယားလက်နက် သိုလှောင်မှု ပထမဆုံးအကြိမ် ပြန်မြင့်တက်လာ

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက် ထောက်ပံ့ပေးနေတဲ့ အခြေအနေတွေက နှစ်ဖက် တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေပြီး နျူကလီးယား လက်နက် ပိုင်ထားတဲ့ နိုင်ငံ ၉ ခုရဲ့ လက်နက်တိုက်တွေ ချဲ့ထွင်စေဖို့ တွန်းအား ဖြစ်လာကြောင်း SIPRIက မှတ်ချက် ပေးခဲ့ပါတယ်။

စစ်အေးခေတ် အဆုံးသတ်သွားတဲ့ ကာလနောက်ပိုင်း နိုင်ငံတကာ နျူကလီးယား လက်နက်တွေ စုဆောင်း သိုလှောင်ထားမှုဟာ ပထမဆုံးအကြိမ် တက်ရိပ် ပြန်ပြလာနေကြောင်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ စတော့ခ်ဟုမ်းလ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က လက်ရှိ အခြေအနေမှာ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ နျူကလီးယား လက်နက်တိုက် ဖြည့်တင်း သိုလှောင်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံး ဖြစ်လာနေကြောင်း သတိပေးခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက် ထောက်ပံ့ပေးနေတဲ့ အခြေအနေတွေက နှစ်ဖက် တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေပြီး နျူကလီးယား လက်နက် ပိုင်ထားတဲ့ နိုင်ငံ ၉ ခုရဲ့ လက်နက်တိုက်တွေ ချဲ့ထွင်စေဖို့ တွန်းအား ဖြစ်လာကြောင်း SIPRIက မှတ်ချက် ပေးခဲ့ပါတယ်။

၂၀၂၁ နှစ်ဆန်းပိုင်းကနေ ၂၀၂၂ နှစ်ဆန်းပိုင်း ကာလတွေအတွင်း ကမ္ဘာတလွှားက နျူကလီးယား လက်နက် သိုမှီးမှုဟာ ကျရိပ်နည်းနည်း ပြခဲ့ရာက ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နှုန်းအတိုင်း ဆက်သွားနေရင် မကြာခင်မှာ ကမ္ဘာပေါ်က နျူကလီးယား ထိပ်ဖူး စုစုပေါင်း အရေအတွက်ဟာ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံး စံချိန်ထိ ပြန်ရောက်လာနိုင်တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတိုင်းဟာ သူတို့ရဲ့ လက်နက်အင်အားကို ဖြည့်တင်းနေကြောင်း၊ အနာဂတ် စစ်ရေး မဟာဗျူဟာ အစီအမံတွေမှာ နျူကလီးယား လက်နက်တွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးလာတော့မယ်လို့ နိုင်ငံ အသီးသီးက ယုံကြည်နေကြကြောင်း SIPRIရဲ့ ဖျက်အားပြင်း လက်နက်များဆိုင်ရာ စောင့်ကြည့်လေ့လာရေးဌာန အကြီးအကဲ ဝီလ်ဖရိုက်ဒ် ဝမ်က မှတ်ချက် ပေးခဲ့ပါတယ်။ ထစ်ကနည်းရှိရင် နိုင်ငံကြီးတွေက နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို အားကိုးချင်လာတာဟာ အန္တရာယ် ကြီးလွန်းတဲ့ လမ်းကြောင်းတစ်ခုလို့လည်း သူက သတိပေးပါတယ်။

ဥပမာ အနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့ပြီးနောက် ၃ ရက် အကြာမှာပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို အသင့်အနေအထား တပ်လှန့်ထားဖို့ အမိန့်ထုတ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ရန်သူ နိုင်ငံတွေဟာ သမိုင်းတလျှောက်မှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အကျိုးဆက်မျိုးတွေ ရင်ဆိုင်သွားရစေမယ် ဆိုတာမျိုး ပူတင်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

လက်ရှိ အခြေအနေအရ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှု အများဆုံး နိုင်ငံဖြစ်ပြီး အရေအတွက် ၅၉၇၇ ခုလောက် ရှိနေပါတယ်။ ဒါဟာ အမေရိကန်ထက် ထိပ်ဖူး အရေအတွက် ၅၅၀ လောက် ပိုများတဲ့ ပမာဏပါ။ အဲဒီ နှစ်နိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ ရှိနေသမျှ နျူကလီးယား ထိပ်ဖူး စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြပါတယ်။

ဒီအတောအတွင်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဝေဖန်ဟီကလည်း နိုင်ငံရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် နျူကလီးယား လက်နက်တွေ တိုးမြှင့် ပိုင်ဆိုင်ဖို့ အားထုတ်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာတင် နျူကလီးယား ထိပ်ဖူး ပိုင်ဆိုင်မှု အရေအတွက် ၁၀၀ လောက် တိုးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။