Hi, what are you looking for?
ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်ကဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။
တပ်ရင်းမှူး ပုလဲမောင်ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုကို စစ်ဆေးနေစဉ်မှာ ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေကိုစစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်ကပြောကြားလိုက်ပါတယ်။နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မစ္စတာနက်ဒ်ပရိုက်စ်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။