Hi, what are you looking for?
ပင်လယ်ဝအနီးကို ဗဟိုပြုတဲ့ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ငလျင်ကြောင့် ရန်ကုန်မြို့မှာငလျင်လှုပ်တာသိသိသာသာခံစားခဲ့ရပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ (ဇူလိုင် ၄) ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစုရှိ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။
မန္တလေးမြို့ပေါ်ရှိ မြေပြင်သပိတ်တိုက်ပွဲများ ပိုမိုအားကောင်းစေရန်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အင်အားမြှင့်လုပ်ဆောင်နိုင်ရန်အတွက်ဟုဆိုကာ မန္တလေးရှိ နေ့စဉ်ချီတက် ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်း ကိုးခု ပူးပေါင်း၍ မန္တလေးသပိတ်အင်အားစုအဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။