Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်တိုက်ဖျက်ရေးအတွက် စစ်တပ်နဲ့ အမေရိကန် အစိုးရ ပူးပေါင်းနိုင်ခြေကို အရပ်ဖက် အဖွဲ့အစည်းတွေ ကန့်ကွက်

အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန် အစိုးရကြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ခြေအပေါ် U.S. Campaign for Burma အပါအဝင် အရပ်ဖက် အဖွဲ့အစည်း နှစ်ဒါဇင်ကဇူလိုင် ၁ ရက်​နေ့မှာ ပူးတွဲ ကန့်ကွက်လိုက်ကြပါတယ်။

(စစ်တပ် ၊စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေက တရုတ်ရာဇဝဏ်ဂိုဏ်း​တွေနဲ့အတူ ကျားဖြန့်လုပ်ငန်း​တွေမှာ နက်ရှိုင်းစွာပါဝင်ပတ်သက်​နေတာဖြစ်ပါတယ်။ ဓါတ်ပုံ-SCMP)

ဇူလိုင်-၂ ၊၂၀၂၆။People’s Spring

အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန် အစိုးရကြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ခြေအပေါ် U.S. Campaign for Burma အပါအဝင် အရပ်ဖက် အဖွဲ့အစည်း နှစ်ဒါဇင်ကဇူလိုင် ၁ ရက်​နေ့မှာ ပူးတွဲ ကန့်ကွက်လိုက်ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး မိုက်ကယ်ဒီဆွမ်ဘာကမြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင်းကျားဖြန့်လုပ်ငန်းတွေက အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ် နိုင်ငံတွေအပေါ် ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုမျိုး ဖြစ်လာနေတယ်လို့ အမေရိကန် လွှတ်တော်ရဲ့ ဇွန်လ ၂၆ ရက်နေ့ ကြားနာမှု တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့အမေရိကန်အစိုးရ အရာရှိတွေဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး ကျားဖြန့် တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အဲဒီသတင်းတွေနဲ့ပတ်သက်လို့ U.S. Campaign for Burmaနဲ့ အရပ်ဖက် အဖွဲ့အစည်း ၂၄ ခု အထူးစိုးရိမ်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အမေရိကန် အစိုးရကသာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိလာမယ်ဆိုရင်မတရားအာဏာသိမ်းအုပ်စိုးနေတဲ့ စစ်တပ်အပေါ် တရားဝင် အသိအမှတ်ပြုတဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်လို့ အဲဒီအဖွဲ့အစည်း ၂၅ ခုရဲ့ စုပေါင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။နိုင်ငံအနှံ့မှာအရပ်သား ပြည်သူတွေအပေါ် ရက်စက်စွာဖိနှိပ် သတ်ဖြတ်နေတဲ့ စစ်တပ်ကို အမေရိကန် အနေနဲ့ ဘယ်လို အခြေအနေမှာမှ တရားဝင်ကြောင်း အသိအမှတ် မပြုသင့်ဘူးလို့လည်းအဲဒီအဖွဲ့တွေက ထောက်ပြ တောင်းဆိုထားပါတယ်။

ဒီဆွမ်ဘာရဲ့လွှတ်တော်ကြားနာမှုအစီအစဉ် ထွက်ဆိုချက်မှာတော့လွန်ခဲ့တဲ့၅နှစ်တာအတွင်း မြန်မာနိုင်ငံမှာပြည်တွင်းစစ်မီးက ဆက်လက်တောက်လောင်နေခဲ့ကြောင်း၊အမေရိကန်အစိုးရရဲ့ မူဝါဒတွေကလည်းကံအကြောင်းမလှစွာနဲ့ပဲ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီးကျားဖြန့်အရေးနဲ့ ပတ်သက်လို့တော့ မြေပြင်က လက်တွေ့ကျတဲ့အပြောင်းအလဲတွေကိုအခြေပြုပြီး သင့်တော်သလိုစီမံဆောင်ရွက်ဖို့အမေရိကန် အစိုးကရည်ရွယ်ထားကြောင်းသူကပြောကြားသွားပါတယ်။

U.S. Campaign for Burmaကတော့ နယ်စပ်အခြေစိုက်ကျားဖြန့်လုပ်ငန်းတွေနဲ့မြန်မာစစ်တပ်ကြားမှာ အပြန်အလှန် ဆက်နွှယ် မှီခိုတဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း ထောက်ပြထားပါတယ်။U.S. Campaign for Burmaရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မိုင်ရာဒါဂေးဖောက ကျားဖြန့်တိုက်ဖျက်ရေးအတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နဲ့ ပူးပေါင်းမယ်ဆိုရင် အဲဒီဒုစရိုက်မှုတွေအတွက်အမှန်တကယ် တာဝန်ရှိတဲ့ အဖွဲ့အစည်းကို အကူအညီပေးတာနဲ့ အတူတူပဲဖြစ်ကြောင်း၊ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေကပဲ အမေရိကန်နဲ့ ကမ္ဘာအနှံ့မှာ ရှိနေတဲ့ နစ်နာသူတွေဆီက ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်လည် ရယူနေတာဖြစ်ကြောင်း၊ ကျားဖြန့် နှိမ်နင်းရေးအတွက် စစ်တပ်ကို အကူအညီ တောင်းတယ်ဆိုတာမီးရှို့ရတာကြိုက်တဲ့စိတ္တဇသမားကို မီးငြှိမ်းဖို့ အကူအညီတောင်းတာနဲ့ တူတူပဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။

စစ်တပ်နဲ့ ကွဲလွဲစွာပဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကသာကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာတက်တက်ကြွကြွပါဝင်နေတာ၊အဲဒီဂိုဏ်းတွေရဲ့လူမှောင်ခိုမှုသားကောင်တွေကို ကယ်ဆယ်ပေးနေတာ၊ ကျားဖြန့်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းပြည်ပ နစ်နာမှုတွေကို စနစ်တကျ မှတ်တမ်းတင်တာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

Facebook