Connect with us

Hi, what are you looking for?

News

အရေးတော်ပုံအောင်ပွဲရရှိမှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မယ်လို့ NUG ပြော

ချုပ် ငြိမ်းပြီး ကျွန်မတို့နောင်လာမည့်မျိုးဆက်သစ်များအတွက်လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာများ အပြည့်အ၀အမွေပေးအပ်နိုင်မှာပဲဖြစ်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

(ယ​နေ့ကျ​ရောက်​သော ရှစ်​လေးလုံးအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသားများ ချီတက်ဆန္ဒပြ​နေစဥ်)

လက်ရှိအရေးတော်ပုံမှ ပြတ်သားတဲ့အောင်ပွဲရရှိရေးကလွဲ၍ အခြားမရှိတော့ဘဲ အောင်ပွဲရရှိမှသာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ကမ္ဘာတစ်ဝန်း

မှာ ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးလှုပ်ရှားမှု Global Campaign အတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပြီး မြန်မာပြည်သူများရဲ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုတွေကို ထောက်ခံအားပေးကြတဲ့အတွက် အထူးကျေးဇူးတင်တယ်လို့ပြောပါတယ်။

(ယ​နေ့ကျ​ရောက်​သော ရှစ်​လေးလုံးအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသားများ ချီတက်ဆန္ဒပြ​နေစဥ်)

“ကျွန်မတို့၏ ရှိရှိသမျှ ခွန်အားများနှင့် တိုက်ပွဲဝင်မည်ဆိုပါကစစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ် ငြိမ်းပြီး ကျွန်မတို့နောင်လာမည့်မျိုးဆက်သစ်များအတွက်လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာများ အပြည့်အ၀အမွေပေးအပ်နိုင်မှာပဲဖြစ်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြည်တွင်းရှိ ပြည်သူများသာမက ကမ္ဘာတစ်ဝန်းရှိ တိုင်းရင်းသားညီအစ်ကိုများကပါ စစ်ကောင်စီ ကျရှုံးရေးနဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေပြီး တစ်ဦးချင်းစီတိုင်း ကို NUG အစိုးရကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါ တယ်။အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာရယူလိုမှုသပ်သပ်အတွက် အာဏာသိမ်းမှုကျူးလွန်ခဲ့ တာကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံရေးအတိဒုက္ခသာမက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဒုက္ခပေါင်းစုံကို ခံစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

(ယ​နေ့ကျ​ရောက်​သော ရှစ်​လေးလုံးအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသားများ ချီတက်ဆန္ဒပြ​နေစဥ်)

မြန်မာပြည်သူတွေ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ခံစားနေရချိန်မှာ စစ်အုပ်စုရဲ့လူမဆန်တဲ့ နည်းလမ်းတွေနဲ့ အာဏာရရှိရေးကြိုးပမ်းမှုကြောင့် မြန်မာပြည်သူအများအပြား အသက်ဆုံးရှုံး ခဲ့ရတယ်လို့ ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားပါတယ်။

ဒီနေ့ ဩဂုတ် ၈ ရက်ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၃၃ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ပြီး ၃၃ နှစ်ပြည့်မြောက်သည့်တိုင် ပြည်သူတွေဟာ ဒီမိုကရေစီရရှိရေးအတွက် နွေဦးတော်လှန်ရေးအလံတော် အောက်မှာ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

(ယ​နေ့ကျ​ရောက်​သော ရှစ်​လေးလုံးအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသားများ ချီတက်ဆန္ဒပြ​နေစဥ်)

အကြမ်းဖက်စစ်အုပ်စုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များကတည်းက ယနေ့တိုင် ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေခဲ့ပြီး ထိုကြမ်းကြုတ်မှုတွေကို ယခုမျိုးဆက်မှာ အဆုံးသတ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

ထိုသို့မဆောင်ရွက်နိုင်ဘူးဆိုရင် ခေတ်အဆက်ဆက်တော်လှန်ရေးမှာ ကျဆုံးသွားရသော သူရဲ ကောင်းများနဲ့ နောင်မျိုးဆက်အပေါ်မှာ အကြွေးတင်ရှိသွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook