Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာငလျင်လှုပ်၊ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာခံစားလိုက်ရ

ရန်ကုန်မြို့မှာ ဒီကနေ့ (ဇူလိုင် ၄) ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစုရှိ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ (ဇူလိုင် ၄) ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစုရှိ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဇူလိုင်-၄၊၂၀၂၆။သုည/People’s Spring

ရန်ကုန်မြို့မှာ ဒီကနေ့ (ဇူလိုင် ၄) ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစုရှိ အထပ်မြင့်တိုက်ခန်းနေသူတွေ သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

နံနက် ၆ နာရီ ၅၁ မိနစ်က ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အသံမြည်ကာ တိုက်ခန်းတစ်ခုလုံး ရမ်းခါသွားကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောပါတယ်။

“ဒီတခေါက်လှုပ်တာတော်တော်ကြမ်းတယ်။ အသံပါပါတယ်။အသံတချက်မြည်ပြီး တိုက်ခန်းတစ်ခုလုံးကို ဆွဲခါလိုက်သလိုပဲ။ အိပ်နေတဲ့လူတွေပါအကုန်လန့်နိုးတယ်။လှုပ်တာကတော့ တချက်ထဲ ဆိုပေမယ့် အရမ်းသိသာတယ်” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တာမွေမြို့နယ်မှာ​နေတဲ့ ပြည်သူတစ်ဦးကလည်း “အထပ်မြင့်မှာ နေတဲ့သူတွေက တော်တော်ကို သိသာစွာ ခံစားလိုက်ရတယ်။ အသံအကျယ်ကြီးဒုန်းဆိုကြားပြီးမှတိုက်ခန်းတစ်ခုလုံး ဆွဲကိုင်လှုပ်လုပ်သလိုကို ဖြစ်သွားတာပါ။ ဒါပေမယ့် အိမ်ရှေ့ထွက်ကြည့်တော့ မြေပြင်ကသူတွေကတော့ပုံမှန်အတိုင်းလမ်းလျှောက်သွားလာနေပါတယ်” လို့ ​ပြောပါတယ်။

ပုဇွန်တောင်၊ အလုံ၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ အစရှိတဲ့ မြို့နယ်တွေမှာလည်း ငလျင်လှုပ်တာကို သိသာစွာ ခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ငလျင်ဟာရန်ကုန်တိုင်း‌ဘန့်ဘွေးကို အခြေပြုပြီးပြင်းအား၃.၅နဲ့လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Earthquake Alert က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook