Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU နယ်မြေ​လေးခု၌ ဇူလိုင်အတွင်းဖြစ်သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ခန့်သေ

ပြည်သူလူထုသွားလာရာလမ်းများပေါ် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ မိုင်းထောင်ခြင်း၊ နယ်ခြားစောင့်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရ ပြည်သူ ​ခြောက်ဦးရှိခဲ့ပြီး ပြည်သူလူထု၏ ကျွဲ၊ နွားနှင့် အခြားအိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

(တိုက်ပွဲများ​နှင့် စစ်​ကောင်စီ၏ ​ကျေးရွာကို ပစ်ခတ်မှု​ကြောင့် စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေ ​လေးခု၌ ဇူလိုင်အတွင်းက တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ရာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏တပ် နှင့် နယ်ခြားစောင့်တပ်တို့ဘက်မှ၂၅၀ ခန့် သေဆုံးပြီး ၁၁ ဦးထွက်ပြေးခဲ့ကြောင်း KNU ဗဟိုသတင်းနှင့်ပြန်ကြား ရေးဌာနခွဲက ယနေ့ သတင်းထုတ်ပြန်သည်။

KNU အုပ်ချုပ်ရေးခရိုင် နှင့် တပ်မဟာ ခုနစ်ခုရှိရာ ခရိုင်နှင့် တပ်မဟာ ၄ခုနယ်မြေ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာ ခရိုင်/တပ်မဟာများမှာ KNLA တပ်မဟာ(၁) နယ်မြေ ဒူးသထူခရိုင်၊ တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)နယ်မြေ မူတြော် (ဖာပွန်)ခရိုင်တို့ ဖြစ်သည်။ ယခင်က ခရိုင်၊ တပ်မဟာ အလိုက်သတင်းများကို သီးခြားစီ ဖော်ပြခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများအားစုပေါင်း ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ စစ်တပ် နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကြသောကြောင့် နယ်မြေကာကွယ်စောင့်ရှောက်ရေးတပ်များဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့်ထိတွေ့ကာ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် နယ်ခြားစောင့်တပ်တို့သည် ပြည်သူလူထု၏ လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး အလုံး ၅၈ လုံး ပစ်ချခဲ့ပြီး လူနေအိမ် ၅ လုံးကိုလည်း မီးရှုံ့ ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာများ ၊ ရွှေငွေများ၊ အခြားပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကိုလည်း အတင်းအဓမ္မလုယူ ဖျက်ဆီးမှုများပြုခဲ့ရာ ကာလတန်ဖိုးအရ သိန်း ၁၀၀ ကျော်ခန့် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုသွားလာရာလမ်းများပေါ် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ မိုင်းထောင်ခြင်း၊ နယ်ခြားစောင့်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရ ပြည်သူ ​ခြောက်ဦးရှိခဲ့ပြီး ပြည်သူလူထု၏ ကျွဲ၊ နွားနှင့် အခြားအိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

(တိုက်ပွဲများ​နှင့် စစ်​ကောင်စီ၏ ​ကျေးရွာကို ပစ်ခတ်မှု​ကြောင့် စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်)

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု စစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့က ကျေးရွာများကို စုပေါင်းခေါ်ယူပြီး အနည်းဆုံးတစ်ရွာတစ်ယောက် ၎င်းတို့တပ်ဖွဲ့ထဲသို့ ဝင်ရောက်စစ်မှုထမ်းရန် ပြောဆိုခြင်း၊ Covid – 19ရောဂါ ကူးစက်ခံရမည်စိုး၍ ဥယျာဥ်ခြံများသို့ သွားရောက်နေထိုင်သည့် ပြည်သူများကို ဥယျာဥ်ခြံထဲမနေရန် နှင့် ရွာထဲ မြိုထဲသို့ ပြန်နေရန် ပြောဆိုခဲ့ခြင်းများရှိကြောင်း ဒေသအလိုက်အခြေအနေများကို ဖော်ပြခဲ့သည်။

ထို့ပြင် စစ်အုပ်စု၏ တပ်မှ အင်းပိုင်များကို ခေါ်ယူပြီး အင်းတစ်အင်းတွင်အခွန် မြန်မာကျပ်ငွေ သိန်း ၅၀ ပေးဆောင်ရန်တောင်းခဲ့သည့်အပြင် စည်းကမ်းဥပဒေနှင့်အညီ သွားလာခြင်းမရှိသည်ဟုဆိုကာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ပြည်သူလူထု ၇၀ ဦးကို ဖမ်းထားပြီး တစ်ဦးလျှင် ဒဏ်ငွေ ၂၅ သိန်းကျပ် ပေးဆောင်ရန် တောင်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှုများပြားသည့်တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ထောက် လှမ်းမှုများ ပြုလုပ်၍ စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ထိန့်လန့်မှု ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

(တိုက်ပွဲများ​နှင့် စစ်​ကောင်စီ၏ ​ကျေးရွာကို ပစ်ခတ်မှု​ကြောင့် စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်)

ဒေသတွင်းစစ်ရေးအခြေအနေများအရ လက်ရှိတွင် ညောင်လေးပင်ခရိုင်နှင့် မူတြော်ခရိုင် ဒေသများ၌ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု ၇၇၀၀၀ ကျော်ရှိပြီး အခက်အခဲများစွာ ကြုံနေရသည်ဟု KNU ဗဟို၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။