Hi, what are you looking for?
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကရင်နီပြည် ၊ဖားဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီရဲ့ FTC 2000 G တိုက်လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေက ပစ်ချတဲ့တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီက ဇွန်လ ၃ရက်ညပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။