Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်ထောင်မှာ နိုင်ကျဥ်းတဦး ဆေးဝါကုသမှုလုံလောက်စွာမရလို့ ကွယ်လွန်

ပေါင်းတည်အကျဉ်းထောင်မှာ ဆေးဝါးကုသစောင့်ရှောက်မှု မလုံလောက်လို့ အသက် ၇၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကထုတ်ပြန်ပါတယ်။

(ကွယ်လွန်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား ဦးထွန်းမြင့်အား မကွယ်လွန်မီက တွေ့ရစဥ်။ ဓါတ်ပုံံ-PPNM)

ဇူလိုင်-၁၉၊၂၀၂၆။ဟာနာဆန်/People’s Spring

ပေါင်းတည်အကျဉ်းထောင်မှာ ဆေးဝါးကုသစောင့်ရှောက်မှု မလုံလောက်လို့ အသက် ၇၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်၊ အဆောင် (၃)မှာ မတရားဖမ်းဆီးခံထားရတဲ့ အသက် ၇၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့်ဟာ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ မနက် ၁၁ နာရီခန့်က ပေါင်းတည်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

ဦးထွန်းမြင့်ဟာ ဖမ်းဆီးမခံရမီအချိန်အထိ လယ်ယာစိုက်ပျိုးရေးနဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နဲ့ ထောင်ဒဏ် (၁၀) နှစ် မတရားအပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသူဖြစ်ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးထွန်းမြင့်ဟာ ပြင်ပမှာ ကြီးကြီးမားမား ဝေဒနာနဲ့ အခံရောဂါတစ်စုံတရာမရှိဘဲ ကျန်းမာသန်စွမ်းခဲ့သူ ဖြစ်ပြီး မတရားဖမ်းဆီးထောင်ချ ခံရပြီးနောက်ပိုင်းမှ ရောဂါဝေဒနာ စတင်ခံစားခဲ့ရတယ်လို့ PPNMU ဆိုပါတယ်။

ဦးထွန်းမြင့်ဟာ ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှ အကျဉ်းထောင်အတွင်း မကျန်းမာဘဲ သတိလစ်လဲကျခဲ့လို့ ပေါင်းတည်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး၊ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံး လေဖြတ်ကာ ဆီးထဲမှာ သွေးပါတဲ့အထိ ဝေဒနာပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်ခဲ့တာဖြစ်ကြောင်း PPNMက ဆိုပါတယ်။

ဦးထွန်းမြင့်ဟာ အကျဉ်းထောင်အတွင်း နေထိုင်စားသောက်မှုစနစ် ဆိုးရွားတာ၊ မကျန်းမာချိန်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်နဲ့ အချိန်မီစောင့်ရှောက်မှု ပျက်ကွက်တာ စတဲ့ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ယခုလိုအသက်ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

“အကျဥ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို အမြန်ဆုံးမြှင့်တင်ပေးဖို့နဲ့ သက်ကြီးရွယ်အိုအကျဥ်းသားတွေ၊ နိုင်ငံရေးအကျဥ်းသားတွေ၊ နာတာရှည်ရောဂါဝေဒနါ ခံစားနေရသူတွေအတွက်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်”လို့ PPNM ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

ပေါင်းတည်အကျဉ်းထောင်မှာ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ဆေးဝါးကုသစောင့်ရှောက်မှု မလုံလောက်လို့ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားတဲ့ နိုင်ငံရေးအကျဥ်းသား ကိုလှမင်းလည်း ကွယ်လွန်ခဲ့ပါသေးတယ်။

လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးတွေကိုပြင်းထန်စွာ ချိုးဖောက်ပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် ပျက်ကွက်ခဲ့တဲ့ စစ်အုပ်စုနဲ့ ပင်မဒေါက်တိုင် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတို့ရဲ့လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း PPNMက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ဦး အုပ်စုဖွဲ့လုပ်ကြံတိုက်ခိုက်ခံရပြီးနောက် ဆေးကုသမှုမပေးဘဲ တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

Facebook