Connect with us

Hi, what are you looking for?

ဆောင်းပါး

ငလျင် ၅ လပြည့် မန္တလေး

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ဒီကနေ့မှာဆိုရင် ၅ လ ပြည့်ခဲ့ပါပြီ။ ၅ လ ပြည့်တဲ့အချိန် ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမြို့မှာ ဘာတွေပြောင်းလဲနေပြီလဲ။

ငလျင်ကြောင့် ပျက်စီးခဲ့သော မန္တလေးမြို့လယ်ရှိ နှစ်ထပ်တိုက်တစ်လုံးအားတွေ့ရစဥ်/ သြဂုတ် ၂၆ ရက်က Sky Villa မှ ရုပ်အလောင်းများအား သယ်ထုတ်လာစဥ်။ ဓာတ်ပုံ-MFSD ၊ပေးပို့

ဇေအောင်/People’s Spring

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ဒီကနေ့မှာဆိုရင် ၅ လ ပြည့်ခဲ့ပါပြီ။ ၅ လ ပြည့်တဲ့အချိန် ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမြို့မှာ ဘာတွေပြောင်းလဲနေပြီလဲ။

●ရုပ်အလောင်းတွေ တွေ့ရှိနေရဆဲ

ငလျင်လှုပ်ပြီး ၅လကြာတာတောင် ရုပ်အလောင်းတွေ ဖော်လို့ မပြီးသေးပါဘူး။ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်အထိကို ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villaမှာ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့ရဲ့ ရုပ်အလောင်းတွေ ထပ်မံထုတ်ယူခဲ့ပါသေးတယ်။ ဒီကနေ့အထိလည်း Sky Villa မှာ ရုပ်အလောင်းရှာဖွေတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

●စစ်ကောင်စီထံရောက်နေတဲ့နိုင်ငံတကာအလှူငွေတွေ ငလျင်ဘေးသင့်သူတွေဆီ မရောက်သေး

နိုင်ငံတကာက စစ်ကောင်စီဆီထံ လှူဒါန်းထားတဲ့ငလျင်အလှူငွေတွေဟာ ၅ လပြည့်တဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဆီ မရောက်ရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ပုလဲနံပသင့်သူတွေနဲ့ စစ်ကောင်စီဝန်ထမ်းတွေဆီသာ ငလျင်ထောက်ပံ့ကြေးတွေ ရောက်ပြီး သာမန်ပြည်သူတွေဆီကိုတော့ ရောက်ရှိလာခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေဟာ ပြည်တွင်းပြည်ပ ပြည်သူအချင်းချင်း လှူဒါန်းတာတွေသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

●အပျက်အစီးတွေ ကိုယ်တိုင်ရှင်းနေရဆဲ၊ ပြန်လည်ထူထောင်ရေး မစ နိုင်သေး

ငလျင်ဘေးသင့် တိုက်ပြို အိမ်ပြိုသူတွေဟာ စစ်ကောင်စီထံကအကူအညီမရရှိဘဲကိုယ်ထူကိုယ်ထ ရှင်းလင်းခဲ့ရပါတယ်။ အပြိုအပျက်ရှင်းဖို့အတွက်ကို ငွေကျပ်သိန်းရာချီ သုံးစွဲခဲ့ရပြီး ၅ လပြည့်တဲ့အထိ ရှင်းလင်းလို့ မပြီးသေးတာတွေ အများကြီးရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့ကြောင့် ပြန်လည်ထူထောင်ရေးတွေ မစနိုင်သေးဘူးလို့ သိရပါတယ်။

– နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

ငလျင်ကြောင့် ခြေလက်အင်္ဂါ ထိခိုက်ဆုံးရှုံးသွားသူတွေကို ဆေးဝါးစောင့်ရှောက်ပေးတာတွေမရှိလို့ ကိုယ့်အစီအစဥ်နဲ့ကို ကုသနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ငလျင်လှုပ်ခါစတုန်းက လာဖွင့်ခဲ့တဲ့ ယာယီဆေးခန်းအများစုလည်း ပိတ်သိမ်းသွားကြပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ ကိုယ့်အစီအစဥ်နဲ့ကို ပြင်ပဆေးခန်းတွေမှာ ဆက်လက်ကုသနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။