Connect with us

Hi, what are you looking for?

ဆောင်းပါး

မဟာမြိုင်တောထဲက ခရီးသွားတွေရဲ့သောက

ရွှံ့စေးတွေထနေတဲ့ ဆိုးရွားလွန်းတဲ့ မြေသားလမ်းထဲကို ကားလေးတစီး ထိန်းမောင်းလာတယ်။ ရှေ့မှာတော့ ထွန်စက်ကြီးတစီးက သူတို့ကားလေးကို ကြိုးနဲ့ဆွဲခေါ်ပေးနေတယ်။ ရွှံဗွက်တွေဟာ ကားဘီးတွေကတဆင့်ဘေးဘီဝဲယာကို စင်ထွက်လာတယ်။အဲဒီလမ်းကတော့နာမည်ကျော်မဟာမြိုင်-ကလေးဝ လမ်းတနေရာမှာပါ။ မန္တလေးကနေ ကလေး ပြန်ကြတဲ့ကားလေးတစီးရဲ့ ဖြစ်အင်ပါ။

Scorpio/People’s Spring

ရွှံ့စေးတွေထနေတဲ့ ဆိုးရွားလွန်းတဲ့ မြေသားလမ်းထဲကို ကားလေးတစီး ထိန်းမောင်းလာတယ်။ ရှေ့မှာတော့ ထွန်စက်ကြီးတစီးက သူတို့ကားလေးကို ကြိုးနဲ့ဆွဲခေါ်ပေးနေတယ်။ ရွှံဗွက်တွေဟာ ကားဘီးတွေကတဆင့်ဘေးဘီဝဲယာကို စင်ထွက်လာတယ်။အဲဒီလမ်းကတော့နာမည်ကျော်မဟာမြိုင်-ကလေးဝ လမ်းတနေရာမှာပါ။ မန္တလေးကနေ ကလေး ပြန်ကြတဲ့ကားလေးတစီးရဲ့ ဖြစ်အင်ပါ။

မန္တလေးကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ပြန်ကြသွားကြပြီဆိုရင် ဒီခေတ်အနေအထားနဲ့ လွယ်လင့်တကူတော့ ဖြစ်မနေခဲ့ပါဘူး။ စစ်ကိုင်းကနေ ထွက်လာပြီဆိုရင် မုံရွာ-မန္တလေးလမ်းအတိုင်းလာပြီး အရင်လို ရွှေဘိုလမ်းဘက်ကနေ လာလို့မရပါဘူး။မြင်းမူမြို့နယ်ထဲကနေတဆင့်တောတွင်းလမ်းတွေသုံးပြီးတန့်ဆည်နယ်ဘက် ရအောင်ကူးကာ မဟာမြိုင်ထဲဝင်ရကြောင်းသွားလာခဲ့သူတွေက ပြောပြပါတယ်။

မဟာမြိုင်ရောက်ခဲ့ပါပြီ။သီတင်းကျွတ်လရောက်ခဲ့တာတောင် မိုးကောင်းခဲ့တဲ့အညာမိုးဟာ မဟာမြိုင်လမ်းတွေကို မိုးတွင်းအစတုန်းကလိုပဲ ပျက်စီးခြင်းများစွာနဲ့ ကြိုဆိုခဲ့ပါတယ်။ ယခင်ကတည်းက မကောင်းခဲ့တဲ့ အဲဒီလမ်းတွေဟာအာဏာသိမ်းကာလ ၅ နှစ်နီးပါးအတွင်းမှာပိုမိုဆိုးရွားသွားစေခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်၊ တောဂျင်ရွာလမ်းပိုင်းကနေ ၅၂ မိုင်အထိလမ်း​ကမိုးကောင်းခဲ့လို့ ရေတိုက်စားပြီး အောက်ခံမြေကြီးတွေပါသွားတဲ့ ကျိုးကျနေတဲ့ ကွန်ကရစ်လမ်းတွေက ဆီးကြိုပါတယ်။ အဲဒီလမ်းပိုင်းမှာမထိန်းနိုင်လို့ လဲပြိုသွားတဲ့အိမ်စီးကားတွေ၊ ကုန်တင်ကားကြီးတွေ၊ ဆီဘောက်ဆာကားတွေ အများအပြား ရှိခဲ့တယ်လို့ သွားလာခဲ့သူတွေက ပြောပြတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းကကိုအိမ်စီးကားတစ်စီးပြုတ်ကျခဲ့တာအတော်ထိသွားတယ်လို့ကြားရပါတယ်။”လို့ သွားလာခဲ့သူတဦးက ဆိုပါတယ်။

၅၂ မိုင်အထက်ကနေ တောင်တက်လမ်းမှာလည်း လမ်းမှာဆိုးမြဲဆိုးဆဲဖြစ်ပြီး ကားတွေတိမ်းမှောက်တာရှိတယ်လို့ သိရတယ်။

ဒီလိုဆိုးရွားလှတဲ့လမ်းပိုင်းအခြေအနေတွေကြောင့် မန္တလေး-ကလေးလမ်းဟာ အနည်းဆုံး ၄ ည လောက်အိပ်ပြီးမှ ရောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပြတယ်။ ကလေးမြို့မှာလည်း ကုန်စည်တွေပြတ်လပ်တာ၊ အဆမတန်စျေးမြင့်တက်တာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောတယ်။

ကားခတွေလည်း ခရီးသည်တစ်ဦး ကျပ်နှစ်သိန်း နှစ်သောင်းကနေ နှစ်သိန်းခွဲအထိရှိပါတယ်။ သို့ပေမဲ့ ကားသမားတွေလည်း ထွန်စက်ဆွဲခတွေ ကုန်ကျရတော့ မကိုက်တော့လို့ နားကြတာတွေ ရှိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ကားတွေအဆင်မပြေတော့ကလေး-မန္တလေးကို လေကြောင်းနဲ့ ကူးကြသန်းကြတာတွေများလာတယ်။လေယာဥ်လက်မှတ်ခက တစ်ဦးလေးသိန်းကျော်ပေါက်နေတာတောင်နိုဝင်ဘာလလယ်လောက်အထိလက်မှတ်မရတော့ဘူးလို့ ကလေးဒေသခံတချို့က ပြောပြတယ်။

“အပြင်မှောင်ခိုစျေးကနေအဆမတန်ပိုပေးပြီး ဝယ်တာတောင် မသေချာဘူး။”လို့ ကလေးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကလေး-မန္တလေးလမ်းတင်မကပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ တိုင်းနဲ့ပြည်နယ်အတော်များများကလမ်းပိုင်းတွေကိုကွေ့ပတ်သွားလာနေရပါတယ်။ တရက်တန်တဲ့လမ်းဟာ သုံးလေးရက်လောက်ကြာသွားတတ်တယ်။ အခုလို ရာသီဥတုဆိုးရွားတဲ့အခြေအနေတွေ၊ တိုက်ပွဲတွေနဲ့သာ ထပ်ကြုံလိုက်ရင်တော့ လ ချီပါကြာသွားတတ်တယ်လို့ သွားလာနေသူတွေက ပြောပြပါတယ်။ မန္တလေး-ကလေးဟာလည်း စစ်အာဏာရှင်လက်ထက်မှာ နိုင်ငံတွင်းက တခြားလမ်းတွေလိုပဲ ပိုပိုဝေးနေခဲ့ပါပြီ။

ကားသမားတဦးကတော့ “ကလေးလမ်းကတော့ မဟာမြိုင်တောကိုစောင့်တဲ့ ပန်ထွာဘုရင်မကို ပြင်ခိုင်းရင်တော့ကောင်းမလားပဲ”လို့ ခပ်သောသော ဆိုလိုက်ပါတော့တယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

သတင်း

စစ်တပ် အလိုကျထုတ်ပြန်တာဖြစ်ပြီး ပိုကျပ်တည်းအောင်ခြိမ်းခြောက်နေဟု ပြည်သူအချို့ပြော

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

Trending

Facebook