■အောက်ခြေစစ်သည်များတိုက်ပွဲတွင် ကျဆုံးပါကလည်း စစ်တပ်သိက္ခာမကျစေရန်နှင့် သေဆုံးသူစစ်သားများအတွက် အာမခံလျော်ကြေး မပေးလိုခြင်းတို့ကြောင့် စစ်သည်များ စစ်တပ်အားသစ္စာဖောက်ကာ ထွက်ပြေးသွာခြင်းဖြစ်ကြောင်း နောက်တန်းတွင် ကျန်ရစ်သောမိသားစုများအား ပြောဆိုကာ နှင်ထုတ်သည့် ဖြစ်စဥ်များဖြစ်ပွားလျက်ရှိသည်။
-အကိုကြီးညီ
စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့ဖြစ်ချင်သောဆန္ဒများအား အောက်ခြေတပ်ဖွဲ့ဝင်များသို့ အတင်း အဓမ္မခိုင်းစေတတ်ပြီး “ရေဗူးပေါက်တာ မလိုချင်ဘူး။ရေပါလာတာဘဲလိုချင်တယ်”ဆိုသည့်အတိုင်း အောက်ခြေစစ်သည်များကို အနိုင်ကျင့် ခိုင်းစေခဲ့ကြပါသည်။
အောက်ခြေစစ်သည်များ အပါအဝင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် လက်အောက်ဌာနများမှာ ရာထူး ၊ငွေကြေးအရ မဖြစ်မနေ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” “လူပေါ်မီးကျ ခွေးပေါ်ခါချ “ဆိုသည့် စကားများကို အသုံးပြုကာ အောက်ခြေဝန်ထမ်းများအပေါ် ဖိအားပေးခိုင်းစေခဲ့ကြပါသည်။
ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ အောက်ခြေ စစ်သားများ၊ရဲများ၏ လူမဆန်စွာ ပြည်သူများအားသတ်ဖြတ်နေခြင်း၊ အနိုင်ကျင့်ဖမ်းဆီးထောင်ချနေခြင်း၊ ပြည်သူများ၏နေအိမ်များသို့ အဓမ္မ ဝင်ရောက်ဖမ်းဆီးသည့်အပြင် တန်ဘိုးရှိပစ္စည်းများနှင့် ငွေကြေးများအားခိုးယူ နေခြင်း၊အပြစ်မဲ့ ပြည်သူများ နေထိုင်သည့်နေအိမ်များအား ဖျက်စီးခြင်း ၊ရွာလုံးကျွတ် မီးရှို့ ခြင်း များအား စကစ အရာရှိကြီးများ၏ ခိုင်စေမှု့များ အရ ခွင့်ပြုချက်ဖြင့် တရားလက်လွတ် လုပ်ချင်တိုင်း လုပ်နေခဲ့ကြပါသည်။ အောက်ခြေစစ်သားနှင့် ရဲများ ၊ပျူစောထီးအဖွဲ့များ ၊စစ်ကောင်စီလက်အောက်ခံအုပ်ကြီးများ(အုပ်ချုပ်ရေးမှူများ)အား စည်းရုံးရေး အရ လုပ်ချင်ရာလုပ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီအလိုကျ လုပ်ချင်ရာလုပ်ကာ ပြည်သူများအပေါ် ဖိနှိပ်ရက်စက်၍အကြောက်တရားကိုပေးရန်ကြိုးစားကြသော်လည်းအလုပ်မဖြစ်ပါ။ ရဲရင့်၊ခိုင်ကြည် ၊ပြတ်သားသည့် ပြည်သူများက အကြောက်တရားအစား ဖက်ဆစ်စစ်တပ်အပေါ် နာကျည်မှု ၊အမုန်းတရား များကိုသာ ရရှိခဲ့ခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ စိတ်ဓါတ်ကြံခိုင်စွာ ပုန်ကန်နေမှု့များအား စိုးရွံ့လာခြင်း၊ နိုင်ငံတကာမှ ဖိအားပေးလာခြင်းတို့ကြောင့် စစ်ကောင်စီသည် တိုက်ကွက်ပြောင်းလာပြီးဖြစ်သည်။ ထိုအကွက်မှာအောက်ခြေအား ထိုးချရန် ယုတ်မာသောအကြံဖြင့် အောက်တန်းကျစွာ ပြင်ဆင်၍ ညွှန်ကြားချက်များ ထုတ်ပြန် ပြင်ဆင်လာသည်။
ယင်းညွှန်ကြားချက်မှာ စစ်တိုင်းအသီးသီးတွင် အကြမ်းဖက်မှုများအား ဆောင်ရွက်နေကြသည့် NLD ဦးဆောင်သည့် PDF,NUG,CRPH စသည့်အဖွဲ့များအား အကန့်အသတ်များဖြင့် ရှာဖွေဖော်ထုတ် ချေမှုန်းနေခြင်းဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင် မလွှဲမရှောင်သာ ကိစ္စမှလွဲ၍ စစ်ဆင်ရေးနယ်မြေတွင် နေထိုင်သည့် ပြည်သူများ အားထိခိုက်မှုအနည်းဆုံးဆောင်ရွက်ကြရန်နှင့် စစ်ဘေးရှောင်များ၏ အသက်အိုးအိမ်စည်းစိမ်များအား ထိခိုက်ပျက်စီးမှု့ လုံးဝ(လုံးဝ)မရှိစေရေးအတွက် အဆင့်ဆင်ကြပ်မတ်ဆောင်ရွက်ရန်၊ညွှန်ကြားချက်အား အောက်ခြေ စစ်သည်များအထိ သိရှိစေပြီးအရပ်သားပြည်သူများအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အား လိုက်နာခြင်းမရှိပါက အဆင့်ဆင့် အရေးယူမည်ဖြစ်ကြောင်း ပုံစံပြောင်း၍ ညွှန်ကြားထားကြောင်းတပ်အတွင်းသတင်းပေးထံမှ သိရှိရသည်။
ထိုကဲ့သို့ စာထုတ်ညွှန်ကြားချက်များသာမက တပ်တွင်းမိသားစုဆွေးနွေးပွဲ(ဒါဘာ)ကို တစ်လနှစ်ကြိမ်မဖြစ်မနေပြုလုပ်စေပြီးတပ်ရင်းမှူး ၊တပ်မမှူးနှင့်အခြားတာဝန်ရှိအရာရှိများကNUGနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs များသည်ကိုယ်ကျိုးရှာသမားများဖြစ် ကြောင်း၊တပ်မတော်နှင့်နိုင်ငံကိုဖျက်ဆီးနေကြသူများဖြစ်ကြောင်း၊တပ်မတော်ကိုရင်ဆိုင်နိုင်စွမ်းမရှိဘဲတပ်မတော်ကို တစ်ဘက်ကနှောင့်ယှက်တိုက်ခိုက်လိုက်အခြေအနေမကောင်းလျင် ငြိမ်းချမ်းရေးစကားဆိုလိုက်လုပ်နေကြကြောင်း၊တပ်မတော်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOများ)ကိုအချိန်မရွေးချေမှုန်းပစ်နိုင်သော်လည်း တပ်ချုပ်မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များသဘောထားကြီးမှုကြောင့်သက်သာရာရနေကြကြောင်း ၊မကြာမီတပ်ချုပ်ကြီးနှင့်ခေါင်းဆောင်များစကားကိုနားမထောင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်NUGကိုအပြတ်ချေမှုန်းပြီးစစ်တပ်ကသာနိုင်ငံတော်ဦးဆောင်မှုကို လုပ်နိုင်တော့မည်ဖြစ်ကြောင်းစသဖြင့် အောက်တန်းကျစွာ တပ်တွင်းဝါဒဖြန့်မှုများ ပြုလုပ်နေကြကြောင်း တပ်တွင်းသတင်းများအရသိရှိရပါသည်။
ယင်းကဲ့သို့ တပ်တွင်းဝါဒဖြန့်မှုများပြုလုပ်နေရင်းညွှန်ကြားချက်များ ထုတ်ပြန်ကာ ပြည်တွင်း၊ ပြည်ပမှ ဖိအားပေးလာပါ အောက်ခြေ အရာရှိစစ်သည်များအား ထိုးချရန် ပြင်ဆင်လျက်အချင်းချင်း ယုတ်မာရန်ကြံစည်နေသကဲ့သို့ အောက်ခြေစစ်သည်များ တိုက်ပွဲတွင် ကျဆုံးပါကလည်း စစ်တပ်သိက္ခာမကျစေရန်နှင့် သေဆုံးသူစစ်သားများအတွက် အာမခံလျော်ကြေး မပေးလိုခြင်းတို့ကြောင့် စစ်သည်များ စစ်တပ်အားသစ္စာဖောက်ကာထွက်ပြေးသွာခြင်းဖြစ်ကြောင်းနောက်တန်းတွင် ကျန်ရစ်သောမိသားစုများအား ပြောဆိုကာနှင်ထုတ်သည့် ဖြစ်စဥ်များဖြစ်ပွားလျက်ရှိသည်။
တပ်တွင်းဖရဲသီး(တပ်တွင်းမှ NUG၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များPDFများကို အရေးကြီးသတင်းအချက်အလက်များပေး၍ တော်လှန်ရေးအောင်မြင်စေရန် တစ်ဖက်တစ်လှမ်းမှကူညီနေသူများ) နှိမ်နှင်းရေးကိုတပ်မှူးကတော်များမှဦးဆောင်လုပ်ကိုင်နေပြီးညရှစ်နာရီသတင်းကိုမဖြစ်မနေကြည့်ရန်၊မနက်အစီရင်ခံစာတင်ရန်၊သံသယရှိသောအရာရှိရဲဘော်များ၏ဖုန်းကိုမကြာခနယူစစ်ခြင်း၊ တပ်ဝါဒဖြန့်ဖေစ်ဘွခ်ဂရုများဝင်စေခြင်း၊ Facebook Page များကိုမဖြစ်မနေကြည့်စေခြင်း၊ တပ်တွင်းကျဆုံးမှုသတင်းများကိုအမြဲဖုံးကွယ်ထားပြီး ကျဆုံးစာရင်းမထုတ်ပြန်ခြင်း၊အရာရှိ၊ရဲဘော်အချင်းချင်းတပ်တွင်းဖရဲသီးဟုတ်၊ မဟုတ်စောင့်ကြည့်စေခြင်းစသဖြင့်မျိုးစုံပြုလုပ်နေသည်။
ယခုကဲ့သို့ပြောပြခြင်းမှာ စစ်ကောင်စီ၏ ယုတ်မာမှုများနှင့်အကြံအစည်များ နှင့် တပ်တွင်းလုပ်ဆောင်နေမှုများအား တော်လှန်ရေးရဲဘော်များသိ့ရန်အသိပေးရခြင်းဖြစ်ပါသည်။
ထိုအပြင် စစ်ကောင်စီအနေဖြင့်စစ်ဘောင်ကျယ်လာပြီးကျဆုံးသူများ၊တပ်မှထွက်ပြေးသူများ၊CDMပြုလုပ်သူများပြားလာသဖြင့်တပ်တွင်းအင်အားနည်းပါးလာခြင်း၊တပ်တွင်းမကျေနပ်မှုများပြားလာခြင်းကြောင့်စစ်ဘောင်ချုံ့ရန်ဗိုလ်ချုပ်ရာပြည့်မှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်ကြီးများကိုပုဂ္ဂိုလ်ရေးအရအကြိမ်ကြိမ်ဆက်သွယ်ပြီးငြိမ်းချမ်းရေးစကားဆိုစေခြင်း၊မင်းဇော်ဦး၊လှမောင်ရွှေ၊အောင်နိုင်ဦးတို့ကဲ့သို့ကိုယ်ကျိုးရှာငြိမ်းချမ်းရေးပွဲစားများမှတဆင့်NUG၊EAOs များကိုငြိမ်းချမ်းရေးကမ်းလှမ်းဆွေးနွေးသယောင်လေသံပစ်လာနေကြသည်။
တဖက်မှလည်းစစ်ကောင်စီ၏ဝါဒဖြန့် မီဒီယာများဖြစ်သော Neopolitic ၊ People Media ၊ VOM (ကျော်မျိုးထွန်း၊ဒေါက်တာအောင်မျိုး၊မာဂျေ(ဗိုလ်မှုးဟောင်း) ၊ နေမျိုးလင်း)စသည့်မီဒီယာတို့မှတစ်ဆင့် NUG,EAO, PDFအဖွဲ့များ၊ ပြည်သူများကို မသိမသာရော၊သိသိသာသာပါသွေးခွဲသည့်သတင်းများ၊ဝါဒဖြန့်သတင်းများ ထုတ်လွှင့်မှုများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်းအတွင်း သတင်းပေးများမှသိရှိရပါသည်။
သို့ပါ၍ လမ်းဟောင်းအတိုင်း(ငြိမ်းချမ်းရေးစကားဆိုလိုက်၊ သွေးခွဲလိုက်၊ သာလွန်လက်နက်ဖြင့်တိုက်ခိုက်လိုက်) လုပ်နေကြသော အကြမ်းဖက် စစ်ကောင်စီ ကို တိုင်းရင်းသားပြည်သူ့တော်လှန်ရေး ရဲဘော်များအနေဖြင့် “စစ်အာဏာရှင်စနစ် ငါတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်စေရမည်” ဟူသော ယုံကြည်ချက်ဖြင့် အချင်းချင်းစည်းလုံး ညီညွတ်၊ ညှိနှိုင်းလျှက် ဘုံရန်သူ မင်းအောင်လှိုင်နှင့် နောက်လိုက် စစ်ကောင်စီကို ဘက်ပေါင်းစုံမှတွန်းလှန်ကြရန် အကြံပြုတင်ပြအပ်ပါသည်။