Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အုပ်စုတစ်စုက ကျွန်တော်တို့ ပြည်သူ့အာဏာကို ကိုင်ထားသ၍ ကျွန်တော်တို့ နိုင်ငံက ကောင်းစားစရာ အကြောင်းမရှိဘူး။ ဒီစနစ်ကို ကျွန်တော်တို့မျိုးဆက်မှာ နောက်ဆုံးချိုးဖျက်မယ်”

စစ်ကိုင်းတိုင်းအတွင်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားနေမှု ၊ပြည်သူ့တပ်ဖွဲ့များ၏ ခုခံစစ် များအပေါ် ARA အရာတော်မြို့နယ် တော် လှန်ရေး အင်အားစု အား ဦးဆောင်သူ ဗိုလ်ရာဇာ
နှင့်မေးမြန်းထားပါသည်။

— အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)တာဝန်ရှိသူနှင့်​အင်တာဗျူး

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ လဆန်းမှစ၍ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်သို့ စစ်အင်အားတိုး၍ အရှိန်မြှင့်ထိုးစစ်ဆင်​နေသည်။ စစ်ကိုင်းတိုင်းတွင်လည်း အရာတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း၌ အင်အား အလုံးအရင်းဖြင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ဝင်များ ၏ စခန်းတစ်ခုကို ​အောက်တိုဘာ ၂၂ ရက်တွင် စီးနင်းတိုက်ခိုက် ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားနေမှု ၊ပြည်သူ့တပ်ဖွဲ့များ၏ ခုခံစစ် များအပေါ် ARA အရာတော်မြို့နယ် တော် လှန်ရေး အင်အားစု အား ဦးဆောင်သူ ဗိုလ်ရာဇာ
နှင့်မေးမြန်းထားပါသည်။

မေး – အရာတော် ဒေသထဲကို အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်​တွေ ဒီရက်ပိုင်းအတွင်း ထိုးစစ်ဆင်လာတဲ့အ​ခြေအ​နေကို ​ရှင်းပြ​ပေးပါလား ။

ဖြေ – စစ်ကောင်စီက ဗျူဟာနဲ့လာတာ။အခု စစ်ကိုင်းမှာပြည်သူတပ်ဖွဲ့တွေအားကောင်းတဲ့ဒေသမှာ ကျွန်တော်တို့ အရာတော်က အလယ် ကျနေတာပေါ့။လမ်းကြော အနေအထားဆိုရင်လည်း မြင်းမူဘက်သွားမလား။မုံရွာသွားမလား အဆင်ပြေတယ်။ဗျူဟာအရ ကျွန်တော်တို့ မြို့နယ်ကို ထိန်းချုပ်ထားနိုင်ရင် တခြားမြို့နယ်တွေကိုလည်း ပတ်ပတ်လည်း ထိန်းချုပ်ဖို့ ကြံရွယ်နေတာဖြစ်တယ်။ကျွန်တော်တို့ဒေသက သပိတ်အား အရမ်းကောင်းခဲ့တာလည်းရှိတယ်။အခုချိန်ထိလည်း မြေပေါ်သပိတ်လှုပ်ရှားမှုတွေ ရှိနေတုန်းပဲ။ဒါကြောင့် အရာတော်ကို အင်အား ရာနဲ့ချီလာပြီးတော့ ဖိနှိပ်ဖို့ ကြိုးစားတယ်လို့ ယူဆတယ်။

Public Service Announcement

Public Service Announcement

မေး – မနေ့က အရာတော်ထဲက ဒေသခံပြည်သူ့စခန်းနှစ်ခု ဝင်စီးခံရတဲ့ ဖြစ်စဥ်ကို အ​သေးစိတ်​ပြောပြ​ပေးပါဦး။

ဖြေ – ဒီကောင်​တွေလာတာ စစ်ကိုင်းကလာတာ။တပ်မ ၃၃ နဲ့ ၇၇ ပေါင်းလာတာပေါ့။ကား အစီးရေ ခုနှစ်စီးနဲ့အကြမ်း ဖက်စစ်တပ်ရဲ့တပ်ဖွဲ့ဝင် ၂၀၀ နီးပါးလောက်ပါတယ်။မနက်ခင်းအစောပိုင်းပေါ့။လာတော့လည်း ကားမီးတွေပိတ်ပြီး ခိုးကြောင် ခိုးဝှက်နဲ့လာတယ်။ရွာထဲရောက်တော့ သူတို့က ရွာသူရွာသားတွေကို ဘာမှ မလုပ်ပါဘူး မလုပ်ပါဘူးနဲ့ ပြောတယ်။ဒါပေမယ့် ရွာသားအချို့ကို ခေါ်ပြီး စခန်းရှိတဲ့နေရာ တွေရောက်တော့ စခန်းတဲတွေကို မီးရှို့တယ်။လမ်းမှာလဲ ရဲဘော်တစ်ဦးကို ပစ်သတ်ခဲ့တယ်။မနေ့က လာတဲ့ အရေ အတွက်က အရာတော်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေမှာ အများဆုံးပဲ။ကျွန်တော်တို့မှာ လက်နက်နဲ့ ခုခံအင်အား မမျှလို့ နောက်ဆုတ်ခဲ့တယ်။

မေး – ဒါဆိုတပ်မ ၇၇ စစ်ကိုင်းကို ရွှေ့လာတာ က သေချာတာ​ပေါ့ ။

ဖြေ – တပ်မ ၇၇ ဝင်လာတာ ပါလာတာ သေချာတယ်။ကျွန်တော်တို့မှာလည်း ကင်းထောက်တွေ သတင်းအချက်အလက်ပေးနေပါတယ်။အရင်တုန်းက ကျွန်တော်တို့စစ်ဆင်ဆင်ရေးတွေမှာ တပ်မ ၃၃ ကိုပဲတွေ့ခဲ့ရတာ။

မေး – မနေ့ကစစ်​ကောင်စီတပ်က ​ဒေသခံ PDF ​တွေစီးနင်းပြီး​တော့အရာတော်ထဲကအပြန်မှာ မိုင်းဆွဲတိုက်ခိုက်တာ စစ်​ကောင်စီဘက်က အသေအပျောက်ရှိပါသလား ။

ဖြေ – မိုင်းဆွဲတိုက်ခိုက်တာမှာ အရာတော် မြို့နယ်ထဲမှာတနေရာ၊မြင်းမူ နယ်ထဲတစ်နေရာ စစ်ဆင်ရေးနှစ်ခုလုပ်ခဲ့တယ်။သူတို့ပါလာတဲ့ ကားတစ်စီးထိသွားတယ်။အောက် ကနေပွင့်ပြီးကို ထိတာ။လုံးလုံးစီးလို့မရလို့ ထားပြီး ထွက်ပြေးသွားကြတာ။၁၀ ယောက် ၁၅ ယောက်လောက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။

မေး – အကြမ်းဖက် စစ်ကောင်စီရဲ့ ထိုးစစ်ဗျူဟာက ဘယ်လို ပုံစံမျိုးရှိလဲ။ARA က ခုခံစစ်အတွက်ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ -သူတို့ရဲ့ စစ်ကိုင်းကို ထိုးစစ်ဆင်နေတဲ့ဗျူဟာအရဆိုရင် ကားနဲ့လာပြီဆိုရင် နေရာတစ်နေရာမှာရပ်ပြီး ခြေလျင်လျှောက်ပြီး နီးစပ်ရွာ ရွာတွေထဲက ရွာသူရွာသားတွေကို အဓမ္မခေါ်ပြီး လူသားဒိုင်းအဖြစ် အကာအကွယ်ယူ လာတယ်။နောက်တစ်ချက် အခု အကြမ်းဖက်စစ်ကောင်စီလုပ်နေတာက အနီးစပ်ဆုံးပြောရရင် သူတို့ မိုင်းဆွဲခံလိုက်ရတဲ့ နေရာရဲ့ အနီးဆုံးရွာက အိမ်ကို မီးရှို့သွားတာမျိုး။မဆိုင်တဲ့ပြည်သူတွေရဲ့ အိုး အိမ်ကို ဖျက်ဆီးတယ်။သူတို့ရဲ့ပေးချင်တဲ့ အတွေးအခေါ် ကိုက ဒီ PDF တွေရှိလို့ မင်းတို့ရွာ မီးရှို့ခံရတာ။ ဒါပေမယ့် ပြည်သူလူထု တော် တော်များ ဒီကောင်တွေလုပ်ရပ်ကို ကွဲကွဲ ပြား ပြား မြင်နေပြီ။ဘယ် နိုင်ငံမှာမဆို professional ကျတဲ့ စစ်တပ်က ဒါမျိုးယုတ်မာရက်စက်တဲ့
မဆိုင်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်ကို စော်ကားတာမျိုးမလုပ်ဘူး။ဒါက သူတို့ရဲ့ အောက်တန်း အကျဆုံးဗျူဟာနဲ့ ထိုးစစ်ဆင်နေတယ်။ဒါကြောင့် ကျွန်တော်တို့ကလည်း သူတို့ အလစ်အငိုက်မှာပဲ မိုင်းဆွဲတိုက်ခိုက် နိုင်တယ်။ပြိးရင် ကျွန်တော် ပြန်ဆုတ်ပြီး တပ်ဖျောက် တယ်။အချိန်ပေးပြီး သူတင်ကိုယ်တင် စောင့်တိုက်ခိုက်မယ်ဆိုတာကလည်း လောလောဆယ် လက်နက်အရ ဘယ်လိုမှ မယှဥ်နိုင်သေးဘူး။

မေး – အရာတော် အပါအဝင် စစ်ကိုင်း၊ချင်း၊မ​ကွေး ၊ကချင်၊ကယား ။ကရင် စတဲ့​ဒေသ​တွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သပ်ပြီး ပြည်သူကို ဘယ်သတင်းစကားပါးချင်လဲ။

​ဖြေ – ပြည်သူ့ တော်လှန်ရေးတပ်သားတွေက ပြည်သူနဲ့ကွဲကွာလို့မရဘူး။ခွဲ လို့ မဖြစ်နိုင်ဘူး။ပြည်သူလူထုကလည်း မြင်အောင်ကြည့်ရမယ်။စစ်ပွဲတွေက တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်လား ။စစ်ကောင်စီ ကြောင့်လားဆိုတာ မြင်အောင်ကြည့်နေဖို့လိုတယ်။ကျွန်တော်တို့က ပြည် သူလူထုကို မမှီခိုလို့မရဘူး။ပြည်သူထဲက ပေါက် ဖွားနေတာ။ကျွန်တော်တို့တွေ အန္တရာယ်ကင်းကင်းနဲ့သွားလာ နေထိုင်နိုင်အောင်က ပြည်သူရဲ့ စောင်မ မှုတွေ အများကြီးလိုတယ်။အာဏာရှင် လက်အောက်က နေ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ဖို့ ကျွန်တော်တို့က ကြိုးစားနေတယ်။ ကျွန်တော် တို့ နိုင်ငံရဲ့ စနစ်တစ်ခုလုံးကို ရှေ့ကနေပြီး တွန်းနေတာ ။အဲဒီအခါကြတော့ ပြည်သူလူထုဘက်ကလည်း မလျှော့တဲ့ဇွဲနဲ့ နောက်ကနေ ပါပေးကြပါလို့ အကူအညီတောင်းချင်တယ်။

မေး – NUG နဲ့ရော ARA က အချိတ်အဆက်ရှိလား။NUGကို​ရော
ဘာပြောချင်လဲ။

ဖြေ – ARA နဲ့ NUG နဲ့က အချိတ်အဆက်ရှိတယ်။ဒါပေမယ့် လောလောဆယ်မှာ ကျွန်တော်တို့ ဒေသအတွင်းမှာ NUG နဲ့ မချိတ်ဆက်ရသေးတဲ့ အင်အားစုပေါင်းများစွာရှိနေသေးတယ်။အဲဒီလို အင်အားစုတွေနဲ့ ဘယ်လို ချိတ်ဆက်ပြီး တိုက်ပွဲဗျူဟာ ဘယ်လို ပုံဖော်မလဲဆိုတဲ့ အပိုင်းတွေရှိသေးတယ်။ဟန်ချက်ညီညီနဲ့ ဘယ်လို လှုပ်ရှားမလဲဆိုတဲ့ စိန်ခေါ်မှုဖြစ်နေတယ်။တချို့တွေက ရှိတာလေးတွေနဲ့ပဲ တော်လှန်နေကြရတယ်။ဒါကို NUG ရဲ့ တာဝန်ရှိသူတွေက စဥ်စားအကောင်အထည် ဖော်သင့်နေပြီ။

မေး – ဒေသတွင်းက ပြည်သူ့တပ်ဖွဲ့တွေအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ PDF ညီအစ်ကို​တွေကို​ရော ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။

ဖြေ – ကျွန်တော်တို့ ချိတ်ဆက် မှုတွေက အခုအချိန်မှာ အရေးအကြီးဆုံး ဖြစ်လာပြီ။ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီကလည်း အပိုင်းလိုက် စစ်ထိုးနေတဲ့အပြင် ပြည်သူလူထု တွင်းပါ သွေးခွဲဖို့လုပ်​နေတယ်။နောက် PDF အချင်းချင်းကြားမှာလဲ သွေးခွဲဖို့ ကြိုးစားနေတယ်။ဒါကြောင့် ခိုင်မာတဲ့ချိတ်ဆက်မှု ပိုလိုလာပြီ။သတင်းအချက်အလက် နဲ့ ဟန်ချက်ညီတဲ့ တော်လှန်မှုက လည်း အရေးကြီးတာ။တက်နိုင်သမျှစုစုစည်းစည်း ညီညီညွတ်ညွတ်နေမှ အဆင် ပြေမယ်။ကောင်းမွန်တဲ့ နိုင်ငံရေးခံယူချက် ရှိမှလဲဖြစ်မယ်။ ကိုယ်လိုချင်တဲ့အရာကဘာလဲ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲချင်တာ။ကိုယ့်ပြည်နယ် ကိုယ့်တိုင်းဒေသတစ်ခုထဲ ပြောင်းလဲဖို့မဟုတ်ဘူး။တိုင်းရင်းသားတွေနဲ့ တစ်မျိုးသားလုံးလွတ်မြောက်ဖို့ဖြစ်တယ်။ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် ကျွန် တော်တို့ တိုက်ပွဲဝင်နိုင်သလောက် အင်အားကလည်း ကြီးမား ကျယ်ပြန့်လာလိမ့်မယ်။ စစ်ကောင်စီက စစ်ဆင်ရေးထိုးရင်ထိုးသလောက် ကျုံ့လာလိမ့်မယ်။ကျွန်တော်တို့တွေက အာဏာရှင် ပျက်သုဥ်းရေး စိတ်အားထက်သန်ဖို့ရယ်။ပြည်သူနဲ့တသားတည်းရှိဖို့ အရေးကြီးပါတယ်။

မေး – ဖြည့်စွက် ပြောကြားလိုတာရှိရင်လည်း ပြောပေးပါဗျ။

ဖြေ – အာဏာရှင် အမြစ်ပြတ်ရေးအဆုံးအထိ တိုကိပွဲဝင်သွားမယ်။ကျွန်တော်တို့ အသက်ပေးပြီးတဲ့သူတွေကလည်း ပေးပြီးကြပြီ။မိသားစုအပါအဝင် အရာအားလုံးစွန့်လွှတ်တဲ့သူတွေကလည်း စွန့်လွှတ်ပြီးပြီ။ပြည်သူတွေ အကုန်လုံးက အားတက်သရော ဒီထက်ပို ပါဝင်ကြပါ။လူပုဂ္ဂိုလ်တစ်ယောက်၊အုပ်စုတစ်စုက ကျွန်တော်တို့ ပြည်သူ့အာဏာကို ကိုင်ထားသ၍ ကျွန်တော်တို့ နိုင်ငံက ကောင်းစားစရာ အကြောင်းမရှိဘူး။ဒီစနစ်ကို ကျွန်တော်တို့မျိုးဆက်မှာ နောက်ဆုံးချိုးဖျက်မယ်။အဲဒါကျွန်တော်တို့ သမိုင်းပေးတာဝန်အဖြစ်ခံယူတယ်။

(ဓါတ်ပုံ-အရာ​တော်မြို့နယ်မှ ​​ဒေသခံပြည်သူ့​တော်လှန်​ရေးစခန်းကို အကြမ်းဖက်စစ်​ကောင်စီတပ်မှ စီးနင်းပြီးအပြန် စစ်​ကောင်စီတပ်ဖွဲ့ဝင်များစီးလာ​သောကားကိုမိုင်းခွဲတိုက်ခိုက်ရာကားပျက်စီးသွား၍ ကားကိုထားခဲ့ကြသည်)

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။