Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သူသေမယ့်နေ့အထိထောင်ထောင်မောင်းမောင်း ကျန်းကျန်းမာမာပဲ”

အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊မိုရေးမြို့တွင်ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကမြန်မာနိုင်ငံသား စစ်ဘေးရှောင်(၈၄)ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)
(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)

သက်ကြီးရွယ်အို လေးဦး၊ အသက် ၁၈နှစ်အောက် လူငယ် ကိုးဦးပါဝင်ပြီး တရားမဝင်ခိုးဝင်လာသည်ဆိုကာမဏိပူရ်ပြည်နယ်အင်ဖာမြို့ထိန်းသိမ်းရေးစခန်းသို့ပို့ဆောင်ခဲ့သည်။ (၈၄)ဦးစလုံးသည် တရားမဝင်ခိုးဝင်သူများမဟုတ်ဘဲစစ်ကောင်စီ၏ ရန်ကိုကြောက်၍ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာခဲ့ရသူများဖြစ်သောကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တမူး၊ မိုးရေးနှင့် အင်ဖာအခြေစိုက်မြန်မာအရပ်ဘက်အဖွဲ့စည်းများက မဏိပူရ်ပြည်နယ်အစိုးရထံ တရားဝင်တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုနေဆဲတွင် ထိန်းသိမ်းခံမြန်မာများထဲမှ အသက် ၃၂နှစ်အရွယ်ကိုဒဲမ်ခိုကျွန်း ရုတ်တရက်ကွယ်လွန်ခဲ့သည်။ နှလုံးရောဂါကြောင့်သေဆုံးခြင်းဖြစ်ကြောင်း ထိန်းသိမ်းရေးစခန်းတာဝန်ရှိသူများက ဒဲမ်ခိုကျွန်း၏ မိသားစုထံ အသိပေးထားသည်။ အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းထဲတွင် မြန်မာစစ်ဘေးရှောင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟုမြန်မာအရပ်ဘက်အဖွဲ့စည်းများကထုတ်ဖော်ပြောကြားထားပြီး ကျန်ရှိနေသေးသော ထိန်းသိမ်းခံမြန်မာ (၈၃)ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုနေသည်။ကိုဒဲမ်ခိုကျွန်းသေဆုံးမှု၊ ထိန်းသိမ်းရေးစခန်းအခြေအနေတို့ကို ၎င်း၏​​မိသားစုဝင် (အ​ဒေါ်၏ ​ခင်ပွန်း)ကို People’s Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားပါသည်။

▪︎အင်ဖာ​ထောင်အတွင်း​သေဆုံးခဲ့​သောကိုဒဲမ်ခိုကျွန်းမိသားစုဝင်တစ်ဦးနှင့်​မေးမြန်းခန်း

(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)
(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)

မေး – ကိုဒဲမ်ခိုကျွန်း အင်ဖာထောင်ထဲမှာ ဆုံးပါးသွားတဲ့ဖြစ်စဥ်ကို ပြောပြပေးပါလား။

ဖြေ – မဆုံးခင်တစ်ရက်က သူ့ညီမတွေနဲ့ အချုပ်ထဲမှာ ဧည့်တွေ့သွားတယ်။ အဲဒီအချိန်က ကောင်းကောင်းမွန်မွန် ရယ်ရယ်မောမောနဲ့ စကားပြောကြတယ်။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ပဲ။ ညကျတော့ သူ့သူငယ်ချင်းနဲ့ ထောင်ထဲမှာ ဝိုင်းထိုင်ပြီး စကားပြောကြတယ်။ အဲဒီအထိလည်း ဒေါင်ဒေါင်မြည်ပဲ။ ည ၂ နာရီခွဲလောက်မှာ သူ အိိပ်ပျော်နေရင်းတန်းလန်းနဲ့ ထပြီး အော်တယ်။ ကြောက်လန့်ပြီးမှ အော်သလိိုမျိိုး၊ လန့်ပြီးမှ အော်သလိုမျိုးပေါ့။ သူ့ဘေးနားက သူ့သူငယ်ချင်းက ထပြီး ဝိုင်းကြည့်ကြတဲဲ့အခါကျတော့ သူက ခန္ဓာကိုယ်တွေ တောင့်နေတယ်ပြောတယ်။ အဲဒီနောက် ရဲတွေခေါ်လိုက်တော့ ဆေးရုံတင်တယ်။ ဆေးရုံမှာပဲ ဘာမှတောင်မလုပ်လိုက်ရဘူးထင်တယ်။ ဆုံးသွားတာ။ စစ်ဆေးချက်အရတော့ heart attack လို့ခေါ်တယ်။

မေး – မဆုံးပါးခင် တစ်ရက်က မိသားစုနဲ့တွေ့တုန်းက အကောင်းကြီးအတိုင်းကနေ ရုတ်တရက် ဆုံးသွားတော့ ဆေးစစ်ချက်အရ heart attack လို့ပြောတာကို မိသားစုက ယုံကြည်ရဲ့လား။ ဘာကြောင့်ဆုံးပါးသွားတယ်လို့ မိသားစုက ထင်မြင်နေလဲဗျ။

Public Service Announcement

Public Service Announcement

ဖြေ – အမှန်အတိုင်းဆိုရင် ကျွန်တော်တို့လည်း မယုံနိုင်ဘူး။ မယုံနိုင်တဲ့အကြောင်းပြချက်က နံပတ်(၁)သူသည် ကျွန်တော်တို့နဲ့ အတူ ရှိနေစဥ်ကာလမှာ သွေးတိုးတို့၊ နှလုံးရောဂါတို့ လုံးဝမရှိဘူး။ ကျွန်တော်တို့နဲ့ အတူနေစဥ်တုန်းက ဒဲမ်ခိုကျွန်းက ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ။ အဖျားအနာ၊ ဆေးထိုးတာ၊ ဆေးသောက်တာ မရှိဘူး။ သူက ကျန်းကျန်းမာမာပဲ။ အားကစားသမား၊ အလုပ်ကြမ်းသမားဖြစ်တဲ့အတွက် သူ အခုလို ရုတ်တရက်ဆုံးသွားတာတော့ သူ့မိဘတွေရော၊ ကျွန်တော်တို့အသိုင်းအဝိုင်းက ယုံရ ခက်နေတဲ့အခြေအနေကြီးပဲ ရှိသေးတယ်။ မယုံကြည်သေးဘူး။

မေး – မဏိပူရ်အာဏာပိုင်တွေကရော ဘာတွေ ဆောင်ရွက်ပေးတာရှိလဲ။ မိသားစုဝင်တွေကရော ဘာတောင်းဆိုချင်လဲ။ ဘယ်လိုဖြစ်စေချင်လဲဗျ။

ဖြေ – ကျွန်တော်တို့က ဒီအမှုကို ရှေ့နေတွေရော ပြောထားတယ်။ ဒဲမ်ခိုကျွန်းက မူးယစ်ဆေးဝါးမှုမို့၊ မဏိပူရ်ရဲ့ ဥပဒေတစ်ခုခုနဲ့ ငြိစွန်းလို့ အချုပ်ထဲမှာ သွားရတာမျိုးဆို ခံသာတယ်။ အခုဟာက သူတို့လက်ထဲမှာ ရုတ်တရက်ကြီးဆုံးသွားတာဆိုတော့ ဥပဒေအရပြောမယ်ဆိုရင် ကျွန်တော်တို့ဘက်က သူ့မိဘတွေအနေနဲ့ ဒီကလေးဆုံးပါးပြီးရင် ဘာမှ အဖတ်ဆည်လိိို့မရတော့ဘူး။ ဒါပေမဲ့ တန်ရာတန်ကြေးတော့ အိန္ဒိယနိိုင်ငံမှာ၊ သူတို့အချုပ်ထဲမှာ လူတစ်ယောက်သေဆုံးသွားတဲ့အတွက် လျော်ကြေးတွေ ဘာတွေရှိိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာနေတော့ သွားပြီးတော့ စွက်ဖက်လို့မရဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ လျော်ကြေးခေါ်မှာပေါ့။ အဲဒါမျိုးတွေ ရသင့်သလောက် ရမယ်ဆိုရင် သူ့မိဘတွေအနေနဲ့ ခံသာတာပေါ့။ နောက်ပြီိး ဒဲမ်ခိုကျွန်းက မောင်နှမတွေထဲအကြီးဆုံးဆိုတော့ အစ်ကိုကြီး အဖရာ။ အဖေကလည်း ဆုံးသွားပြီ။ အမေနဲ့ ညီအစ်ကိုမောင်နှမတွေ လုပ်ကျွေးရတယ်။ နောက်ပြီး သူ့မှာ သားလေး လေး၊ငါးလအရွယ် တစ်ယောက်ရှိတယ်။ သက်ဆိုင်ရာအနေနဲ့ အိန္ဒိယအစိုးရနဲ့ ညှိိနှိုင်းပြီးမှ ဆုံးသွားတဲ့သူလည်း ဆုံးသွားပြီဆိုတော့ ကျန်ရစ်တဲ့ မိသားစုတွေအတွက် တစ်ခုခု အထောက်အကူဖြစ်အောင် လုပ်ပေးနိုင််ရင်တော့ ပိုကောင်းတာပေ့ါ။

(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)
(ကိုဒဲမ်ခိုကျွန်းငယ်စဥ်ကရိုက်ကူးခဲ့​သောဓါတ်ပုံနှင့် ထိန်သိမ်း​ရေးစခန်းတွင်ကွယ်လွန်သွားပြီး​​နောက် မိသားစုထံ ရုပ်အ​လောင်းပြန်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)

မေး – ကိုဒဲမ်ခိုကျွန်းက ဘယ်လိုကနေ အဖမ်းခံရသလဲ။ ထောင်ထဲရောက်ပြီး ဘယ်လောက်အကြာမှာ ဆုံးသွားသလဲ။

ဖြေ – သူက အရင်တုန်းက တမူးမြို့နယ်ထဲက ကွမ်းတောင်းအုပ်စု ဆရာစံကျေးရွာမှာနေတယ်။ လယ်လုပ်ပြီး မိိသားစုနဲ့ အတူတူနေတယ်။ သိတဲဲ့အတိိုင်းပဲ ဒေသန္တရအခြေအနေက မအေးချမ်းတော့ အခုလိုမျိုး စစ်ရှောင််ဘဝနဲ့ အိန္ဒိယဘက်မှာ မိသားစုကိုခေါ်ပြီး အိမ်ဆောက်နေတယ်။ အဲဒီမှာနေရင်းနဲ့ တစ်ရက်မှာ ကွန်မန်ဒို(အိန္ဒိယစစ်တပ်)က တစ်အိမ်ဝင်၊ တစ်အိမ်ထွက် အကုန်လုံးလိုက်စစ်ပြီး ID ကတ် မရှိတဲ့သူ ရှေ့ထွက်ဆိုတော့ အဖိုးကြီးကအစ လူပေါင်း ၈၀ ကျော်အဖမ်းခံရတယ်။ အဲဒီထဲမှာ ကိုဒဲမ်ခိုကျွန်းပါသွားတယ်။ နောက်ပြီး သူ့ညီလည်း ပါသွားတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်ပေါ့။ သူ့ညီက အခုမှ ၁၇ နှစ်ပဲ ရှိသေးတယ်။ အဲဒီကနေ အချုပ်ထဲ ရောက်သွားတာ။ ရောက်တော့လည်း သူ ကျန််းမာရေး မကောင်းဘူး၊ ဖျားတယ်၊နာတယ်ဆိုတာ ကျွန်တော််တို့ မကြားရဘူး။ သူသေမယ့်နေ့အထိထောင်ထောင်မောင်းမောင်း ကျန်းကျန်းမာမာပဲ။ သူ အချုပ်ထဲရောက််ပြီး တစ်လလောက်အကြာမှာ ဆုံးသွားတာ။

မေး – အချုပ်ထဲမှာ နှိပ်စက်ခံရတယ်ဆိုတဲ့ အခြေအနေမျိုးရှိလား၊ ဘယ်လိုသိထားရလဲ။

ဖြေ – ဒီနေ့အထိ ကျွန်တော်တို့ ကြားသိရတဲ့ သတင်းအရတော့ အချုပ်ထဲမှာ၊ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက်တာတော့ မရှိဘူး။ အစားအသောက်ပိုင်းကတော့ ဒုက္ခရောက်တာပေါ့။ အချုပ်ထဲမှာ ရိုက်တာပြုတာ မရှိဘူးလို့ ကြားရတယ်။

မေး – ကိုဒဲမ်ခိုကျွန်းနဲ့အတူ အဖမ်းခံရတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေကရော ဘယ်လို ရှိတယ်လို့ သိရလဲ။

ဖြေ – မနေ့က အထိ တော်တော်လေး အခြေအနေဆိုးတယ်ပြောတယ်။ ဒဲမ်ခိုကျွန်းဆုံးသွားပြီးတဲ့နောက် သူတို့ကလည်း စိတ်အားငယ်ကြတာထင်တယ်။ တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေး ဖောက်နေတယ်။ အသက်ကြီးပိုင်း လေးယောက်ပါတယ်။ ၇၀ ကျော်တွေပေါ့။ သူတို့အခြေအနေကတော့ တော်တော်လေးဆိုးတယ်လို့ ကြားရတယ်။

မေး – ထောင်ထဲကသူတွေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရလား။ ဘယ်လိိုအခြေအနေရှိလဲ။

ဖြေ – ထောင်ဝင်စာသွားတွေ့လို့ရတယ်။ အားလုံးနဲ့တော့ တွေ့လို့မရဘူး။ ဥပမာ ကျွန်တော်က မောင်ဖြူနဲ့တွေ့ချင်တယ်ဆိုရင် အဲဒီမောင်ဖြူတစ်ယောက်နဲ့ပဲ တွေ့လို့ရတယ်။ အဲ့ဒီလိုတွေ့လို့ရလည်း အချုပ်ထဲက လူတွေအကုန်လုံးရဲ့အခြေအနေ သတင်းအချက်အလက်တွေ သိရတာပေါ့။

မေး – ထောင်ထဲက သူတွေကရော မိသားစုဝင်တွေကိုဘာမှာလဲ။

ဖြေ – နံပတ်(၁) က ဟင်းတွေမှာတယ်။ အစားအသောက် အဆင်မပြေလို့ ဟင်း၊​အကြော်အလှော်တွေ မှာတယ်။ သူတို့က သံမံတလင်းပေါ် အိပ်ရတယ်လို့ ပြောတယ်။ ဖျာတို့ ၊စောင်တို့ တောင်းတယ်။ ဆေးတွေ၊ တိုင်းရင်းဆေးတွေ မှာတာလည်း ရှိတယ်။

မေး – သတင်းတွေမှာ ထောင်ထဲက အခြေအနေက တော်တော်ဆိုးတယ် ပြောတယ်။ အစ်ကိုတို့ရောနဘယ်လိုသိထားရလဲ။ ကိုယ်တိုင်မြင်တွေ့တာမျိုးရှိလား။

ဖြေ – ကျွန်တော်ကိုယ်တိုင်တော့ မရောက်ဖူးပါဘူး။ ပြန်ပြောတာပဲသိရတာ။ တော်တော်ဆိုးတယ်ဆိုတာ သူတို့ ရေချိုးတဲဲ့နေရာတွေမှာ သန့်ရှင်းမှု မရှိဘူးး။ သောက်ရေတွေရာ သန့်ရှင်းမှုမရှိဘူး။ သံတမန်လင်းပေါ်မှာ အိပ်ရတာ မကောင်းဘူးး။​ အဲဒါကြောင့် ဖျာတွေ ဘာတွေ မှာကြတယ်။ စားတာသောက်တာ ထမင်းထဲမှာ ဘာဆိိုလားမသိဘူး ထည့်ပေးတယ် ပြောတယ်။ အဲဒါတော့ ကျွန်တော်တို့လည်း အတိအကျမသိဘူးလေ။ အစားအသောက်ကတော့ နည်းနည်းဒုက္ခရောက်တယ်ထင်တယ်။

မေး – မီဇိုရမ်ဘက်မှာတော့ အဲဒီပြည်နယ်အစိုးရက မြန်မာပြည်ဘက်က လာတဲ့ စစ်ရှောင်တွေကို ကောင်းကောင်းမွန်မွန််ထားရှိိတယ်။ လက်ခံတယ်ပေါ့။ အခု မဏိပူရ်ပြည်နယ်ကျ မြန်မာစစ်ရှောင်တွေကို အခုလို ဖမ်းဆီးပြီး ဖိနှိပ်ထားတာက ဘာလို့ပါလဲ။ ဘာကြောင့် အခုလိုဖြစ်နေလဲဗျ။

ဖြေ – မီဇိုရမ်ဘက်က ချင်းတွေအုပ်ချုပ်တဲ့နေရာဖြစ်တဲ့အတွက်(မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ချင်းတိုင်းရင်းသားအနွယ်ဝင်များဖြစ်သည်ဟုဆိုလိုသည်) ချင်းတွေ လုပ်ပိုင်ခွင့်ရှိတယ်။ မဏိပူရ်ကျ ကသည်းတွေ အုပ်ချုပ်တာဆိုတော့ ကျွန်တော်တို့ ချင်းတွေဒုက္ခရောက်တာကသည်းတွေ အုပ်ချုပ်လို့ဖြစ်တယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။