စစ်တပ်ထိပ်ပိုင်း အရာရှိ ၁၁ ဦး နေအိမ်အကျယ်ချုပ်ကျနေတယ်ဆိုတဲ့သတင်းကို စစ်တပ်ပြောရေးဆိုခွင့်ရှိသူက Nikkei Asia သတင်းဌာနကို ငြင်းဆိုလိုက်ပါတယ်။
ကောာလာဟလသာဖြစ်ပြီး သူတို့တွေဟာ နေပြည်တော်မှာ အလုပ်များနေကြတာသာဖြစ်တယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက Nikkei Asia ကို ဖြေကြားထားပါတယ်။
ဗိုလ်ချုပ်ရာပြည့် အပါအဝင် ဗိုလ်ချုပ် ၁၁ ဦးကို ဖမ်းဆီးပြီး နေအိမ် အကျယ်ချုပ်ချထားတယ် ဆိုတဲ့ သတင်း မနေ့က ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
