Connect with us

Hi, what are you looking for?

News

လေတပ်စခန်းများ ​ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု စစ်​ကောင်စီတပ်ချင်း ပစ်ခတ်ခြင်းဖြစ်နိုင်ဟု သုံးသပ်​နေကြ

မ​ကွေးနှင့် မိတ္ထီလာ​လေတပ်စခန်း ဌာနချုပ်နှစ်ခုကို ​ဧပြီ ၂၉ ရက်နံနက် အ​စောက ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခြင်းမှာ အာဏာသိမ်းစစ်​ကောင်စီ ၏ တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်နိုင်​ကြောင်း စစ်​ရေး​လေ့လာသူနှင့် ​ဒေသခံအချို့က ​ပြောသည်။

“ကျွန်တော်တို့ကြားတာက ပြီးခဲ့တဲ့ရက်ပိုင်းမှာတုန်းက ကချင်ပြည်နယ်မှာ လေတပ်ကနေပြီးတော့ ကောင်းကင်က နေပြီး နှိမ်နင်းတာ ပေါ့ KIA ကို။ အဲဒီလို နိမ်နင်းတဲ့အချိန်မှာ ကိုယ့်တပ်ကို ပြန်ပြီးတော့ ပစ်မိတယ်လို့ကြားတယ်။ကြားတော့ ဒီလိုလျှော့တိုက်ဒုံးဆိုတာကလည်း သာမန်အရပ်သားတော့ မဟုတ်လောက်ဘူးလေ။ မဟုတ်လောက်တော့ သူတို့ စစ်ကောင်စီက တပ်တွေ သူတို့အချင်းချင်း ပြန်တွယ်လို့ ယူဆတယ်။” ဟု မ​ကွေးမြို့မှ ​ဒေသခံတစ်ဦးက​​ပြောသည်။

“တွယ်တယ်ဆိုတာက ပေါ်ပေါ်တင်တင် မဟုတ်ဘူးပေါ့ဗျာ မခံနိုင်တဲ့သူက ခိုးချောင်ခိုးဝှက်နဲ့ ဒီလျှော့တိုက်ဒုံးနဲ့ ပြန်ပစ်တာပေါ့ “ဟုအထက်ပါ မကွေးဒေသခံ
တစ်ဦးကပြောသည်။

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)ကသိမ်းပိုက်ထား​သော မိုး​မောက်မြို့နယ်ရှိ အ​လော့ဘွမ်​တောင်စခန်းကို တိုက်ခိုက်ရန် ပြန်ဆင်​နေ​သော သစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီ ၂၄ ရက်၌ KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်များအထိ့နာ​နေသဖြင့် ၊စစ်​ကောင်စီ​လေတပ်မှ ​လေ​ကြောင်းမှ တိုက်ခိုက်ရာတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မိ၍ ​သေဆုံးသူအလွန်များပြားခဲ့​ကြောင်း KIA နှင့် ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် ​စစ်​ကောင်စီ၏လေ​ကြောင်းမှ ပစ်ခတ်မှု​ကြောင့် ကြည်း​ကြောင်းမှ စစ်သားများ​စွာသေဆုံးခဲ့မှုအ​ပေါ် မ​ကျေနပ်သဖြင့် ​လေ​ကြောင်းဌာန ချုပ် နှစ်ခုကို ပြန်လည်ပစ်ခတ်ခြင်းဖြစ်နိုင်​ကြောင်း အဆိုပါ​​ဒေသခံက​ပြောခြင်းဖြစ်သည်။

KIA နှင့်နီးစပ်​သော သတင်းရင်းမြစ်တစ်ဦးကလည်း မ​ကွေး နှင့် မိတ္ထီလာ ​လေတပ်စခန်းများအထိ့ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင်အပြင် အဖွဲ့အစည်းများကည​ရှော့တိုက်ဒုံးယူ​ဆောင်လာပြီး ပစ်ခတ်ရန်မှာ ခက်ခဲပြီး ၊စစ်တပ်တွင်လည်း ​ရှော့တိုက်ဒုံးရှိ၍ အ​လောဘွမ့်​တောင်​ခြေတွင် ဧပြီ ၂၄ ရက်က စစ်​ကောင်စီ​လေတပ်က ကြည်းတပ်ကို ပစ်ခတ်ခဲ့သဖြင့် ​သေဆုံးမှု များခဲ့ခြင်းအ​ပေါ် အချင်းချင်းလက်တုံ့ပြန်ခြင်းသာ ဖြစ်နိုင်​ကြောင်း သုံးသပ်သည်။

မ​ကွေးနှင့် မိတ္ထီလာ​လေတပ်စခန်း ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု​ကြောင့် ​သေဆုံးထိ့ခိုက်ဒဏ်ရာရရှိမှုများရှိ​ကြောင်း​ဒေသခံများက​ပြောသည်။ သို့သော် အာဏာသိမ်းစစ်​ကောက်စီက ဧပြီ ၂၉ ရက်ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင် ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုကို အတည်ပြု ​သော်လည်း ​သေဆုံးဒဏ်ရာရရှိမှု မရှိဟုငြင်းဆိုသည်။ မ​ကွေး​လေတပ်စခန်းပစ်ခတ်ခဲရမှု​ကြောင့် ၆ဦး​သေဆုံးပြီး ၁၀ ဦး​ကျော်ဒဏ်ရာရရှိပြီး ၊မိတ္ထီလာ​လေတပ်စခန်းပစ်ခတ်ခံရမှုတွင်လည်း ​သေဆုံးဒဏ်ရာရရှိမှု များရှိ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်အာဏာသိမ်းပြီး​နောက် KIA , KNU တို့နှင့်ဖြစ်​သော တိုက်ပွဲများတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ​သေဆုံး​သော်လည်း စစ်​ကောင်စီကသတင်းမထုတ်ပြန်ဘဲ သတင်းအ​မှောင်ချထားသည်။
“သူတို့ဘက်က ထိတော့ ထိခိုက်တယ် ။ အတိအကျတော့ မသိရဘူး။ခက်တာက တပ်တွင်းသတင်းတွေက အကုန်မသိရဘူး သူတို့က အ ကုန် ကြိတ်ဖုံးထာတာ”ဟု ဒေသခံ က ပြောသည်။

ထိုအပြင် မကွေးလေတပ်ကို ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက မြို့ပေါ် တ့င် ပိုက်စိပ်တိုက် ရှာ‌ဖွေမှု
ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ‌မကွေးဒေသခံတစ်ဦးက ပြောသည်။

“တပ်က ဒီ​ရှော့ တိုက်ဒုံးနဲ့ ပစ်တယ်လို့ ယူဆတဲ့ သူတွေ လိုက်ပစ်တာ ပြည်သူထဲက သုံးယောက် ထိခိုက်ဒဏ်ရာရတာ တစ်ယောင်သေတယ်လို့ ပြောတယ်”ဟု မကွေးဒေသခံတစ်ဦးကပြောသည်။

အလားတူ မိတ္ထီလာ​လေတပ်စခန်းကို ​ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခံရပြီး​နောက် မြို့တွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များကမြို့ အဝင်အထွက်ပိုမိုစစ်​ဆေးလာပြီး
လုံခြုံ​ရေးမြှင့်ထား​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

ထို့အပြင် ဧပြီ ၂၉ရက်က သာယာဝတီတွင် လက်နက်တိုက် ​ပေါက်ကွဲမှုမှာလည်း လက်နက်တိုက်များမှာ လုံခြုံ​ရေးအမြင့်ဆုံးဖြစ်ပြီးအပြင်လူ အနားကပ်၍ပင်မရသဖြင့် အပြင်လူလုပ်ချင်းမဟုတ်ဘဲ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပြုလုပ်ချင်းဖြစ်နိုင်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

ယခု​နောက်ပိုင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များ တပ်မှထွက်​ပြေးပြီး CDM ပြုလုပ်ကာ
ပြည်သူနှင့်ပူး​ပေါင်းသူများလာသည်။ထို့အပြင် စစ်​ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုများ မိတ္ထီလာ ၊ချင်းပြည်နယ် ၊ကယားပြည်နယ် စ​သော​နေရာတို့တွင် ဖြစ်​ပေါ်လာပြီး ပိုများလာသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

သတင်း

မှော်ဘီလေတပ်စခန်းသို့ စစ်ခေါင်းဆောင်လာရောက်မည်ဟု သတင်းကြားသောကြောင့် ပြည်သူများအနေဖြင့် သတိထားကြရန် ယင်းအဖွဲ့က သတိပေးသည်။

သတင်း

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

သတင်း

လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။