Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုအဆုံးသတ်ရန်၊ ဒီမိုက​ရေစီအသက်သွင်းရန်၊ အာဆီယံဘုံသ​ဘောတူညီချက်များ အ​ကောင်အထည်​ဖော်ရန် ကုလလုံခြုံ​ရေး​ကောင်စီ တိုက်တွန်း

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနှင့် အာဆီယံ၏သဘောတူဆုံးဖြတ်ချက်များအကောင်အထည်ဖော်ရေးတို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်​​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက အရပ်ဝတ်ဖြင့် မန္တ​လေးတွင် ​မေလ ၁ရက် ၌ဆန္ဒပြ​နေသူများကို ​သေနတ်ဖြင့် ပစ်​နေစဥ်

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီက ဧပြီ ၃၀ ရက်တွင် တံခါးပိတ်အစည်း အဝေးခေါ်ယူကျင်းပခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်နေသောအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏အထူးကိုယ်စားလှယ်ခန့်အပ်ရေးတောင်းဆိုချက်ကို ကြန့်ကြာမှုမရှိဘဲလုပ် ဆောင်သင့်ကြောင်း ထည့်သွင်းတောင်းဆိုထားသည်။

ကောင်စီ၏ အထက်ပါတောင်းဆိုချက်များထုတ်ပြန်နိုင်ရန် အနောက်နိုင်ငံများက တရုတ်နှင့် ရုရှားတို့ကို အလျှော့ပေးခဲ့ရပြီး စကားရပ်အချို့ကို ချန်လှပ်ခဲ့ရသည်။ “ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ခြင်းအား ပြင်းထန်စွာ ထပ်မံရှုတ်ချကြောင်း”၊ “စစ်တပ်က အတတ်နိုင်ဆုံးထိန်း ထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ကောင်စီက ထပ်လောင်းတောင်းဆိုခြင်း” စသည်တို့ကို ကောင်စီ ၏ ထုတ်ပြန်ချက်၌ ဖော်ပြရန် တရုတ်နှင့် ရုရှားတို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကောင်စီအဖွဲ့ဝင်အားလုံး၏သဘောတူထုတ်ပြန်ချက်တွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားသူအားလုံးကိုပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးရန် အချက်များကိုလည်း ထည့်သွင်းတောင်း ဆိုထားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီသည် အစည်းအဝေး ၄ ကြိမ်အထိ ခေါ်ယူကျင်းပပြီးဖြစ်ကာ အစည်းအဝေး အပြီး တောင်းဆိုထုတ်ပြန်ချက်များအသီးသီး ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ဆန့်ကျင်ဆန္ဒထုတ်ဖော်နေစဉ် ကုလလုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂထံမှ စကားလုံးများ၊ ထုတ်ပြန်ချက် များကို မျှော်လင့်စောင့်ဆိုင်းနေသည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်ချက်များကို လိုလားနေခြင်းဖြစ်ကြောင်း လေ့လာကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားထားသည်။

တစ်ချိန်တည်းတွင် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို မြန်မာနိုင်ငံသို့သွားရောက်ခွင့်ရရှိရေးတောင်းဆိုချက်ကို မြန်မာစစ်တပ် က ထပ်မံငြင်းပယ်ထားသည်ဟု သံတမန်တစ်ဦးက ပြောသည်။

လုံခြုံရေးကောင်စီ၏ အစောပိုင်းထုတ်ပြန်ချက်များတွင် ကုလအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးဝင်ရောက်ခွင့်ပြုရေးကို ထည့်သွင်းတောင်းဆိုခဲ့သည်။

ကိုးကား – AFP , Al Jazeera

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook