Connect with us

Hi, what are you looking for?

News

မင်းတပ်တိုက်ပွဲ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင် ၆ ဦး ကျဆုံး

အာဏာသိမ်းစစ်​ကောင်စီတပ်များက မင်းတပ်မြို့ ကို ကျူး​ကျော်တိုက်ခိုက်မှုတွင် ခုခံကာကွယ်ရင်းကျဆုံးသွားသူ သူရဲ​ကောင်း ​ခြောက်ဦးရှိ​ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ကယ​နေ့ ထုတ်ပြန်သည်။

မင်းတပ်မြို့ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ မှ
၁ ။Salai Thang Hung Thang
၂ ။ Salai Mang Kee Thang
၃ ။Salai Hung Awm Hung
၄။ Salai Kee Tam
၅။ Salai Thang Phep
၆ ။Salai Ha Khui Shing တို့ ကျဆုံးခဲ့ခြင်းဖြစ်​သည်။

ကျဆုံး သူရဲ​ကောင်းများ၏ အမည်ကို ​ရေးသားပြီး
‘တစ်နေ့ အာဇာနည်ဗိမာန်မှာ
မင်းတို့ နာမည်တွေ ရှိစေရမယ်။
လွတ်လပ်မှအမျှဝေပါမည်။
‘ ဟု​ ရေးသားထားသလို၊
‘သေ​သောသူများရှင်လိမ့်မည်’ ဟူသော စာတမ်းပါဓါတ်ပုံဖြင့် ဂုဏ်ပြု​ရေးသားထားသည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁,၀၀၀ ခန့်အသုံးပြုကာ ရဟတ်ယာဥ်များ၊ လက်နက်ကြီးမျိုးစုံ၊ လက်​ဖြောင့်သေနတ်သမားများ စ​သော လူအင်အား၊ လက်နက်အင်အား အများအပြားဖြင့် တူမီး​သေနတ်များ အဓိကကိုင်​ဆောင်ကာ​ တော်လှန်​သော မင်းတပ်မြို့ပြည်သူကာကွယ်​ရေးအဖွဲ့ကို တိုက်ခိုက်သည်။

ထို့အပြင် ဖမ်းဆီးခံရ​သော ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သဖြင့် မင်းတပ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ က ​တိုက်ပွဲအပြင်အထန်ဖြစ်ပွားပြီး ၃ ​ရက်​မြောက်​နေ့တွင် မြို့နှင့်ပြည်သူများ အထိမနာ​စေရန် ခေတ္တ​ရှောင်​ထား​ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်တိုက်ပွဲတွင် ပထမအကြိမ်၌ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်​သေဆုံးပြီး
​မေ ၁၂ မှ ၁၅ ရက်အထိတိုက်ပွဲတွင်လည်း​ သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့​​သော်လည်း အ​ရေအတွက်ကို အတည်ပြုမရ​​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook