မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ
၁ ။Salai Thang Hung Thang
၂ ။ Salai Mang Kee Thang
၃ ။Salai Hung Awm Hung
၄။ Salai Kee Tam
၅။ Salai Thang Phep
၆ ။Salai Ha Khui Shing တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကျဆုံး သူရဲကောင်းများ၏ အမည်ကို ရေးသားပြီး
‘တစ်နေ့ အာဇာနည်ဗိမာန်မှာ
မင်းတို့ နာမည်တွေ ရှိစေရမယ်။
လွတ်လပ်မှအမျှဝေပါမည်။‘ ဟု ရေးသားထားသလို၊
‘သေသောသူများရှင်လိမ့်မည်’ ဟူသော စာတမ်းပါဓါတ်ပုံဖြင့် ဂုဏ်ပြုရေးသားထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁,၀၀၀ ခန့်အသုံးပြုကာ ရဟတ်ယာဥ်များ၊ လက်နက်ကြီးမျိုးစုံ၊ လက်ဖြောင့်သေနတ်သမားများ စသော လူအင်အား၊ လက်နက်အင်အား အများအပြားဖြင့် တူမီးသေနတ်များ အဓိကကိုင်ဆောင်ကာ တော်လှန်သော မင်းတပ်မြို့ပြည်သူကာကွယ်ရေးအဖွဲ့ကို တိုက်ခိုက်သည်။
ထို့အပြင် ဖမ်းဆီးခံရသော ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သဖြင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်ပွဲအပြင်အထန်ဖြစ်ပွားပြီး ၃ ရက်မြောက်နေ့တွင် မြို့နှင့်ပြည်သူများ အထိမနာစေရန် ခေတ္တရှောင်ထားကြောင်း ထုတ်ပြန်ထားသည်။
မင်းတပ်တိုက်ပွဲတွင် ပထမအကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးပြီး
မေ ၁၂ မှ ၁၅ ရက်အထိတိုက်ပွဲတွင်လည်း သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုမရသေးပေ။
