Connect with us

Hi, what are you looking for?

News

ပြေတီဦးတို့ဇနီးမောင်နှံ စစ်ကြောရေးကနေ အင်းစိန်ထောင်ရောက်

ပုဒ်မ ၅၀၅ က ဖြင့် မတရားဖမ်းဆီးခံရထားသည့် ပြေတီဦးတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး အင်းစိန်အကျဥ်းထောင်သို့ ပြီးခဲ့သည့်ရက်ပိုင်းက ရောက်ရှိခဲ့သည်။

ပြေတီဦးက ရဲတိုက် ပိုင်တံခွန် တို့ နှင့်အတူ အင်းစိန်အကျဥ်းထောင် သီးသန့်ဆောင် ၂ ၌ ရှိနေပြီး အိန္ဒြာကျော်ဇင်က မေတိုးခိုင် ၊ ပိုပိုတို့နှင့်အတူ အင်းစိန်ထောင်၏ အမျိုးသမီး စာသင်ဆောင်၌ ရှိကြောင်း ဒါရိုက်တာသွန်းနေစိုး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့ နှစ်ဦးကို ဧပြီ ၉ ရက်ညနေက ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီး မေလ ၁၃ ရက်က ရုံးထုတ်ရမန်ယူခဲ့ကာ မေ ၂၇ ရက်တွင်စစ်ဆေးရန် ရုံးချိန်းထားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

G Fatt သည်လွတ်​​မြောက်နယ်မြနှင့် ပြည်ပသို့ပင်သွား​ရောက်နေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ခံဝန်ထိုးကာ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပရိသတ်များရှေ့သို့ ပထမဆုံးပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။

သတင်း

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ‌သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

News

ပိုင်တံခွန်ပွဲတက်ခအဖြစ်ရသည့် အနုပညာကြေးမှာ အနည်းဆုံး သိန်းဆယ်ဂဏန်းရှိသောကြောင့် ယခုကာလတွင် ယင်းကဲ့သို့ ဆုံးဖြတ်သည့် အပေါ် လေးစားကြောင်း ပရိသတ်များက ချီးကျူးထားသည်။

News

ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း မြောက်ဒဂုံက နေအိမ်မှာ ဖမ်းဆီးခံရကာ မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရသူလည်းဖြစ်ပါတယ်။