Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါင်ငံခါးမှစ၍ ဒီးမော့ဆို၊ ငွေ​တောင်အထိ သိမ်းပိုက်နိုင်ခဲ့​ကြောင်း KPDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကိုင်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေါငံခါးမှစတင်၍ ဒီးမော့ဆိုနှင့် ငွေတောင်အထိ ဆက်လက်သိမ်းပိုက်နိုင်ခဲ့​ကြောင်း ကရင်နီပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF) က ယ​နေ့ထုတ်ပြန်သည်။

ဓါတ်ပုံ - KPDF

စစ်​ကြောင်းတစ်လျှောက်ရှိ Non-CDM ရုံးများနှင့် ဒလံအိမ်များအား ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KPDF

လတ်တလော ကယန်းသာယာတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ရှိနေပြီး တိမ်းရှောင်သည့်နေရာများသို့ အကြမ်းဖက်သမားများက နေရာသိ၍ ပြည်သူများကို လိုက်လံပစ်ခတ်နေကြောင်း၊ ဒဏ်ရာရရှိသည့် ပြည်သူများပြား၍ ထမ်းသွားရကြောင်း၊ KPDF နှင့် EAOs များ ကယန်းသာယာပြည်သူလူထုကို အမြန်ဆုံး စစ်ကူပေးရန်နှင့် ကယ်ဆယ်ပေးပါရန် အလေးအနက် တောင်းဆိုကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားသည်။