Connect with us

Hi, what are you looking for?

News

ဒေါင်ငံခါးမှစ၍ ဒီးမော့ဆို၊ ငွေ​တောင်အထိ သိမ်းပိုက်နိုင်ခဲ့​ကြောင်း KPDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကိုင်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေါငံခါးမှစတင်၍ ဒီးမော့ဆိုနှင့် ငွေတောင်အထိ ဆက်လက်သိမ်းပိုက်နိုင်ခဲ့​ကြောင်း ကရင်နီပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF) က ယ​နေ့ထုတ်ပြန်သည်။

ဓါတ်ပုံ - KPDF

စစ်​ကြောင်းတစ်လျှောက်ရှိ Non-CDM ရုံးများနှင့် ဒလံအိမ်များအား ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KPDF

လတ်တလော ကယန်းသာယာတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ရှိနေပြီး တိမ်းရှောင်သည့်နေရာများသို့ အကြမ်းဖက်သမားများက နေရာသိ၍ ပြည်သူများကို လိုက်လံပစ်ခတ်နေကြောင်း၊ ဒဏ်ရာရရှိသည့် ပြည်သူများပြား၍ ထမ်းသွားရကြောင်း၊ KPDF နှင့် EAOs များ ကယန်းသာယာပြည်သူလူထုကို အမြန်ဆုံး စစ်ကူပေးရန်နှင့် ကယ်ဆယ်ပေးပါရန် အလေးအနက် တောင်းဆိုကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

Facebook