Connect with us

Hi, what are you looking for?

LuduNwayOo

News

CDFနှင့် စစ်ကောင်စီတပ်တို့ မင်းတပ်မြို့နယ် နေရာ ​လေးခု၌ တိုက်ပွဲဖြစ်

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် CDF တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်လက္ခဏာခံစားရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ချင်းဒေသခံကွာကွယ်ရေးတပ်(CDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ နေရာ ​လေးခု၌ တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

မင်းတပ်စစ်ဘေးရှောင်အများစုနေသော ရွာများရှိရာကို စကစတပ်များက အင်အားများအသုံးပြု၍ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“သူတို့တက်လာလို့ အခုရှက်ကျေးရွာအောက်နားလေးမှာ CDFနဲ့ စစ်ကောင်စီနဲ့ အခုဖြစ်နေတုန်း။ အခုဖုန်းထဲက နားထောင်နေရင်တောင် အသံကြားရမှာ။ အဓိကကတော့ သူတို့က ပြည်သူတွေကို စစ်ဘေးရှောင်တွေပိုများလာမယ် ပြီးရင် စားနပ်ရိက္ခာတွေ တောက်လျှောက်ဖြတ်နေတယ်။ ပြည်သူလူထု ငတ်မွတ်ခေါင်းပါးမှု များအောင် သူတို့လုပ်နေတာပဲ” ဟု CDF အဖွဲ့ဝင် တစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် မင်းတပ်နှင့် ၁၅ မိုင်ခန့်အကွာရှိ ရှက်ကျေး ရွာဘက်သို့ တက်လာ၍ CDFနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေကြောင်း၊ အင်အား ၉၀ ခန့်ရှိ စစ်ကောင်စီ၏ စစ်ကြောင်း တစ်ခုသည်လည်း မင်းတပ်မြို့ အရှေ့ဘက် ဘောင်ထဲရွာသို့ ထိုးဝင်လာ၍ CDFနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရွှေအောင်သာကျေးရွာဘက်သို့ ဇွန်လ ၃ရက်ကတည်းက ထိုးစစ်ဆင်လာသည့် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် CDF တို့သည်လည်း ယနေ့အထိ တိုက်ပွဲဖြစ်နေကြောင်း ၊ ရွှေအောင်သာ ရွာသို့ စစ်ကူလာသည့် အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကိုလည်း မယ်လယ်ကုန်းရွာအနီးတွင် CDFက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရှက်ကျေးရွာနှင့် ရွှေအောင်သာရွာ တိုက်ပွဲတွင် စစ်ကောင်စီက ဓာတ်တုလက်နက်များ အသုံးပြုခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်သည်။

ယနေ့နံနက် ရှက်ကျေးရွာတိုက်ပွဲ၌ ဒဏ်ရာရသည့် CDF တပ်ဖွဲ့ဝင် တစ်ဦးသည် အဆိပ်သင့်လက္ခဏာများ ခံစားရသည်ကို တွေ့ရကြောင်း၊ ရွှေအောင်သာ တိုက်ပွဲတွင် လက်နက်ကြီးကျည်မှ အငွေ့ဖြူများကို ရှူမိသူများသည် ယခင်လူနာများအတိုင်း မူးဝေသတိလစ်ခြင်း၊ အော့အန်ခြင်း၊ ရုတ်ချည်းအားပြတ်ခြင်း စသည့် ဝေဒနာများ ခံစားရသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

မယ်လကုန်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း၊ ရွှေအောင်သာ တိုက်ပွဲတွင် ဒေသခံ CDF ကို ဦးဆောင်သူ CDM ဝင်လာသော ရဲတပ်ကြပ်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒဏ်ရာရသူများရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မိုးများရွာ သွန်း လာချိန်တွင် CDF တပ်ဖွဲ့ဝင်များ၏ တူမီးများ ပစ်ခတ်ရန် အခက်အခဲကြုံနေရ ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။