Connect with us

Hi, what are you looking for?

News

CDFနှင့် စစ်ကောင်စီတပ်တို့ မင်းတပ်မြို့နယ် နေရာ ​လေးခု၌ တိုက်ပွဲဖြစ်

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် CDF တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်လက္ခဏာခံစားရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ချင်းဒေသခံကွာကွယ်ရေးတပ်(CDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ နေရာ ​လေးခု၌ တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

မင်းတပ်စစ်ဘေးရှောင်အများစုနေသော ရွာများရှိရာကို စကစတပ်များက အင်အားများအသုံးပြု၍ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“သူတို့တက်လာလို့ အခုရှက်ကျေးရွာအောက်နားလေးမှာ CDFနဲ့ စစ်ကောင်စီနဲ့ အခုဖြစ်နေတုန်း။ အခုဖုန်းထဲက နားထောင်နေရင်တောင် အသံကြားရမှာ။ အဓိကကတော့ သူတို့က ပြည်သူတွေကို စစ်ဘေးရှောင်တွေပိုများလာမယ် ပြီးရင် စားနပ်ရိက္ခာတွေ တောက်လျှောက်ဖြတ်နေတယ်။ ပြည်သူလူထု ငတ်မွတ်ခေါင်းပါးမှု များအောင် သူတို့လုပ်နေတာပဲ” ဟု CDF အဖွဲ့ဝင် တစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် မင်းတပ်နှင့် ၁၅ မိုင်ခန့်အကွာရှိ ရှက်ကျေး ရွာဘက်သို့ တက်လာ၍ CDFနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေကြောင်း၊ အင်အား ၉၀ ခန့်ရှိ စစ်ကောင်စီ၏ စစ်ကြောင်း တစ်ခုသည်လည်း မင်းတပ်မြို့ အရှေ့ဘက် ဘောင်ထဲရွာသို့ ထိုးဝင်လာ၍ CDFနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရွှေအောင်သာကျေးရွာဘက်သို့ ဇွန်လ ၃ရက်ကတည်းက ထိုးစစ်ဆင်လာသည့် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် CDF တို့သည်လည်း ယနေ့အထိ တိုက်ပွဲဖြစ်နေကြောင်း ၊ ရွှေအောင်သာ ရွာသို့ စစ်ကူလာသည့် အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကိုလည်း မယ်လယ်ကုန်းရွာအနီးတွင် CDFက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရှက်ကျေးရွာနှင့် ရွှေအောင်သာရွာ တိုက်ပွဲတွင် စစ်ကောင်စီက ဓာတ်တုလက်နက်များ အသုံးပြုခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်သည်။

ယနေ့နံနက် ရှက်ကျေးရွာတိုက်ပွဲ၌ ဒဏ်ရာရသည့် CDF တပ်ဖွဲ့ဝင် တစ်ဦးသည် အဆိပ်သင့်လက္ခဏာများ ခံစားရသည်ကို တွေ့ရကြောင်း၊ ရွှေအောင်သာ တိုက်ပွဲတွင် လက်နက်ကြီးကျည်မှ အငွေ့ဖြူများကို ရှူမိသူများသည် ယခင်လူနာများအတိုင်း မူးဝေသတိလစ်ခြင်း၊ အော့အန်ခြင်း၊ ရုတ်ချည်းအားပြတ်ခြင်း စသည့် ဝေဒနာများ ခံစားရသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

မယ်လကုန်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း၊ ရွှေအောင်သာ တိုက်ပွဲတွင် ဒေသခံ CDF ကို ဦးဆောင်သူ CDM ဝင်လာသော ရဲတပ်ကြပ်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒဏ်ရာရသူများရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မိုးများရွာ သွန်း လာချိန်တွင် CDF တပ်ဖွဲ့ဝင်များ၏ တူမီးများ ပစ်ခတ်ရန် အခက်အခဲကြုံနေရ ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

ဆောင်းပါး

တောင်ကုန်းတောင်တန်းထက်မှာ သီးသန့်ဆန်ဆန် တည်ရှိနေတဲ့ ဒီနှစ်ထပ်အိမ်ကလေးကတော့ မြင်ရသူအပေါင်းကို ပန်းရောင်ခြယ် အလှတရားတွေနဲ့ ဆွဲဆောင်နေပါတယ်။သစ်သားနဲ့ သွပ်မိုးကို အသုံးပြုပြီး မြန်မာ့ကျေးလက်ဟန်နဲ့ ခေတ်သစ်ဗိသုကာကို ရောယှက်တည်ဆောက်ထားတာဖြစ်ပြီး အိမ်ရှေ့က ဝရန်တာကျယ်ကျယ်နဲ့ အညိုရောင် တံခါး၊ ပြတင်းပေါက်ကလေးတွေက အိမ်ရဲ့ ရိုးရှင်းတဲ့ အလှကို ပိုမိုပေါ်လွင်စေပါတယ်။

Facebook