Connect with us

Hi, what are you looking for?

News

မင်းတပ်တွင် စစ်ကောင်စီတပ်သားများ ဖမ်းဆီးနှိပ်စက် ၍ ဒဏ်ရာရှိသူမသန်စွမ်းနှစ်ဦးကို ဆေးကုသမှုပေးနိုင်

အသက် ၄၇ နှစ်အရွယ်ဦးမာန်မောင်းသည် စိတ်ကျန်းမာ ရေးချို့တဲ့သူဖြစ်ပြီး ဇွန်လ၁၀ရက်တွင် ဘုရားစခန်းရွာထဲသို့ စစ်​ကောင်စီတပ်များ ဝင်​ရောက်လာပြီး ၎င်းကို ဖမ်းဆီးရိုက်နှက်ခဲ့​ကြောင်း ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးနှိပ်စက်ထားသည့် မသန်စွမ်းဦးမာန်မောင်း နှင့် ကျည်ထိမှန် အမျိုးသမီးတို့ကို ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယ​နေ့ ထုတ်ပြန်သည်။

အသက် ၄၇ နှစ်အရွယ်ဦးမာန်မောင်းသည် စိတ်ကျန်းမာ ရေးချို့တဲ့သူဖြစ်ပြီး ဇွန်လ၁၀ရက်တွင် ဘုရားစခန်းရွာထဲသို့ စစ်​ကောင်စီတပ်များ ဝင်​ရောက်လာပြီး ၎င်းကို ဖမ်းဆီးရိုက်နှက်ခဲ့​ကြောင်း ထုတ်ပြန်သည်။

ထိုသို့ရိုက်နှက်မှု​ကြောင့် ဦး​ခေါင်းနှင့်​ခြေ​ထောက်ဒဏ်ရာများရရှိ၍ ​ဆေးကုသမှု​ပေးနိုင်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။အသက် ၆၃နှစ်အရွယ် ဒေါ်ဂေစိမ်းငှိမ်းဟာ စိတ်ကျန်းမာ ရေးမကောင်းမှု ​လေးနှစ်ခန့်ရှိပြီဖြစ်ပြီး အိပ်ရာအတွင်းလဲ​နေသူဖြစ်​ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“သူ့အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကိုတက်ဖြုတ်နေတဲ့ စကစစ်သားကို မဖြုတ်ဖို့ အိမ်ထဲကနေ အော်ပြောတဲ့အတွက် အပစ်ခံရတာပါ။ ကျည်တွေက သွပ်ခေါင်မိုးကိုဖောက်ပြီး အိပ်ရာထဲလဲနေတဲ့ ​​ဒေါ်ဂေစိမ်းငှိမ်းရဲ့ ညာဘက်ပေါင်နဲ့ ခြေသလုံးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ သေနတ်ဒဏ်ရာတွေကို ခွဲစိတ်သန့်စင် ချုပ်လုပ် ပတ်တီး စည်းပြီး ကုသမှုပေးခဲ့ပါတယ်”ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နှစ်ဦးကို ​လေးရက်အကြာမှသာ ​ဆေးကုသ​မှု​ပေးနိုင်ခဲ့​ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook