Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို ရှုတ်ချပြီး လက်နက်မ​​ရောင်း​ရေးအဆို ကုလအတည်ပြု

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံအချို့က မြန်မာ့အရေးအဆိုကို ထောက်ခံခဲ့ပြီး ထိုင်းနဲ့ လာအိုတို့ကတော့ ကြားနေမဲပေးခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းအိန္ဒိယကလည်း ကြားနေမဲပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြီး လက်နက်မရောင်းချရေး အဆိုတစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၁၈ ရက်မှာ ဆုံးဖြတ်အတည် ပြုခဲ့ပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၁၁၉ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်ဖို့တောင်းဆိုတဲ့ ဘီလာရုစ်က ကန့်ကွက်မဲပေးခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံအချို့က မြန်မာ့အရေးအဆိုကို ထောက်ခံခဲ့ပြီး ထိုင်းနဲ့ လာအိုတို့ကတော့ ကြားနေမဲပေးခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းအိန္ဒိယကလည်း ကြားနေမဲပေးခဲ့ပါတယ်။

အဆိုမှာ နိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းမဖက်ရေးတို့ပါဝင်ပါတယ်။
ဒါ့အပြင် ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား လှယ်နဲ့ အာဆီယံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီရေးလည်း ပါဝင်ပါတယ်။

အခုဆုံးဖြတ်လိုက်တဲ့ အဆိုဟာ စည်းနှောင်မှုမရှိပေမယ့် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြောင်း သိသာထင်ရှားစေပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးအခြေအနေတွေကို အကြွင်းမဲ့ ဖန်တီးပေးရပါမယ်”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အဆိုကို မဲမခွဲမီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထွေထွေညီလာခံဥက္ကဌကလည်း နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ရေး၊ နိုင်ငံအတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးတို့အတွက် တစ်ညီတစ်ညွတ်တည်း ဆက်လက် ကူညီပံ့ပိုးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

သတင်း

BoTနဲ့ Amloက ဘဏ်တွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှု မူဝါဒတွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတဲ့တိုင်အောင် ပိုမိုတိုးတက်အောင် စီမံရမယ့် အပိုင်းတွေ ရှိနေဆဲလို့လည်း ဝန်ခံခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်အတွက် လက်လွှတ်ဆုံးရှုံးနယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ ၎င်းအတွက် ထောက်ပို့လမ်းကြောင်းပိုမိုတိုလာသည်ကို တော်လှန်ရေးတပ်ဖွဲ့များ သတိပြုရန်လိုအပ်ကြောင်း Otto က မှတ်ချက်ပြုသည်။