Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို ရှုတ်ချပြီး လက်နက်မ​​ရောင်း​ရေးအဆို ကုလအတည်ပြု

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံအချို့က မြန်မာ့အရေးအဆိုကို ထောက်ခံခဲ့ပြီး ထိုင်းနဲ့ လာအိုတို့ကတော့ ကြားနေမဲပေးခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းအိန္ဒိယကလည်း ကြားနေမဲပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြီး လက်နက်မရောင်းချရေး အဆိုတစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၁၈ ရက်မှာ ဆုံးဖြတ်အတည် ပြုခဲ့ပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၁၁၉ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်ဖို့တောင်းဆိုတဲ့ ဘီလာရုစ်က ကန့်ကွက်မဲပေးခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံအချို့က မြန်မာ့အရေးအဆိုကို ထောက်ခံခဲ့ပြီး ထိုင်းနဲ့ လာအိုတို့ကတော့ ကြားနေမဲပေးခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းအိန္ဒိယကလည်း ကြားနေမဲပေးခဲ့ပါတယ်။

အဆိုမှာ နိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းမဖက်ရေးတို့ပါဝင်ပါတယ်။
ဒါ့အပြင် ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား လှယ်နဲ့ အာဆီယံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီရေးလည်း ပါဝင်ပါတယ်။

အခုဆုံးဖြတ်လိုက်တဲ့ အဆိုဟာ စည်းနှောင်မှုမရှိပေမယ့် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြောင်း သိသာထင်ရှားစေပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးအခြေအနေတွေကို အကြွင်းမဲ့ ဖန်တီးပေးရပါမယ်”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အဆိုကို မဲမခွဲမီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထွေထွေညီလာခံဥက္ကဌကလည်း နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ရေး၊ နိုင်ငံအတွင်း ငြိမ်းချမ်း၊ တည်ငြိမ်ရေးတို့အတွက် တစ်ညီတစ်ညွတ်တည်း ဆက်လက် ကူညီပံ့ပိုးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။