Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်ချိန်တည်းဆင်နွှဲမည့် ပြည်သူ့တော်လှန်ရေးအချိန်နီးကပ်ပြီဖြစ်၍ ပြင်ဆင်ထားကြရန် NUG ဝန်ကြီးအသိပေး

“မကြာမီမှာ D day ရောက်ရှိလာမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ကြပါ။ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ လုပ် ကိုင်ဆောင်ရွက်ကြပါ။ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါ။ လျှို့ဝှက်ပါ၊ လုံခြုံရေး ဦးစားပေးပါ” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူလူထုမှ တစ်ချိန်တည်း၊တစ်ပြိုင်တည်း ပြည်သူ့တော်လှန်ရေး ဆင်နွှဲသည့်အချိန် မကြာမီရောက်ရှိတော့မည်ဖြစ်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ယနေ့ အသိပေးလိုက်သည်။

ယခု အချိန်သည် ခုခံစစ်၊ ပျောက်ကြားစစ်၊ ချွေစစ် ဆင်နွှဲနေချိန်ဖြစ်ကြောင်း၊ NUG၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာပြီး စစ်ကောင်စီ အင်အားချိနဲ့လာနေပြီဖြစ် ကြောင်းဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

“မကြာမီမှာ D day ရောက်ရှိလာမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ကြပါ။ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ လုပ် ကိုင်ဆောင်ရွက်ကြပါ။ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါ။ လျှို့ဝှက်ပါ၊ လုံခြုံရေး ဦးစားပေးပါ” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

ပြည်သူလူထုက ဦးဆောင်နေသည့် နွေဦးတော်လှန်ရေး သည် အဆင့်ဆင့် တိုးတက်ပြောင်းလဲနေကြောင်း၊ ပြောင်းလဲမှုဖြစ်စဉ် (၇)ချက်ရှိရာ ပြည်သူလူထု၏ဆန္ဒကို ထုတ်ဖော်ခြင်း၊ ပြည်သူလူထုမှ စစ်ကောင်စီအား အုပ်ချုပ်ခွင့် မရစေခြင်း၊ ပြည်သူလူထုမှ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ခြင်း၊ ပြည်သူလူထုမှ ပြည်သူလူထုကို အကာအကွယ်ပေးခြင်း၊ ပြည်သူလူထုမှ မိမိတို့၏ ဒေသများအား ထိန်းချုပ် စီမံခန့်ခွဲခြင်း၊ ပြည်သူလူထုမှ မိမိတို့၏ ဒေသများအား တည်ဆောက်ပြုပြင်ခြင်း၊ ပြည်သူလူထုမှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းတို့ ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုမှ ပြည်သူလူထုကို ကာကွယ်ပေးခြင်းဖြစ် စဉ်တွင် အဆင့်နှစ်ဆင့်ရှိရာ ပထမအဆင့်တွင် ပြည်သူလူထုမှ ခုခံစစ်၊ ပျောက်ကြားစစ်၊ ချွေစစ် ဆင်နွဲခြင်းနှင့် ဒုတိယအဆင့်မှာ ပြည်သူလူထုမှ တစ်ချိန်တည်း တစ်ပြိုင်တည်း ပြည်သူ့တော်လှန်ရေး ဆင်နွှဲခြင်းဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။