Connect with us

Hi, what are you looking for?

News

တစ်ချိန်တည်းဆင်နွှဲမည့် ပြည်သူ့တော်လှန်ရေးအချိန်နီးကပ်ပြီဖြစ်၍ ပြင်ဆင်ထားကြရန် NUG ဝန်ကြီးအသိပေး

“မကြာမီမှာ D day ရောက်ရှိလာမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ကြပါ။ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ လုပ် ကိုင်ဆောင်ရွက်ကြပါ။ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါ။ လျှို့ဝှက်ပါ၊ လုံခြုံရေး ဦးစားပေးပါ” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူလူထုမှ တစ်ချိန်တည်း၊တစ်ပြိုင်တည်း ပြည်သူ့တော်လှန်ရေး ဆင်နွှဲသည့်အချိန် မကြာမီရောက်ရှိတော့မည်ဖြစ်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ယနေ့ အသိပေးလိုက်သည်။

ယခု အချိန်သည် ခုခံစစ်၊ ပျောက်ကြားစစ်၊ ချွေစစ် ဆင်နွှဲနေချိန်ဖြစ်ကြောင်း၊ NUG၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာပြီး စစ်ကောင်စီ အင်အားချိနဲ့လာနေပြီဖြစ် ကြောင်းဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

“မကြာမီမှာ D day ရောက်ရှိလာမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ကြပါ။ ပိုင်ပိုင်နိုင်နိုင် စနစ်တကျ လုပ် ကိုင်ဆောင်ရွက်ကြပါ။ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါ။ လျှို့ဝှက်ပါ၊ လုံခြုံရေး ဦးစားပေးပါ” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

ပြည်သူလူထုက ဦးဆောင်နေသည့် နွေဦးတော်လှန်ရေး သည် အဆင့်ဆင့် တိုးတက်ပြောင်းလဲနေကြောင်း၊ ပြောင်းလဲမှုဖြစ်စဉ် (၇)ချက်ရှိရာ ပြည်သူလူထု၏ဆန္ဒကို ထုတ်ဖော်ခြင်း၊ ပြည်သူလူထုမှ စစ်ကောင်စီအား အုပ်ချုပ်ခွင့် မရစေခြင်း၊ ပြည်သူလူထုမှ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ခြင်း၊ ပြည်သူလူထုမှ ပြည်သူလူထုကို အကာအကွယ်ပေးခြင်း၊ ပြည်သူလူထုမှ မိမိတို့၏ ဒေသများအား ထိန်းချုပ် စီမံခန့်ခွဲခြင်း၊ ပြည်သူလူထုမှ မိမိတို့၏ ဒေသများအား တည်ဆောက်ပြုပြင်ခြင်း၊ ပြည်သူလူထုမှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်းတို့ ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုမှ ပြည်သူလူထုကို ကာကွယ်ပေးခြင်းဖြစ် စဉ်တွင် အဆင့်နှစ်ဆင့်ရှိရာ ပထမအဆင့်တွင် ပြည်သူလူထုမှ ခုခံစစ်၊ ပျောက်ကြားစစ်၊ ချွေစစ် ဆင်နွဲခြင်းနှင့် ဒုတိယအဆင့်မှာ ပြည်သူလူထုမှ တစ်ချိန်တည်း တစ်ပြိုင်တည်း ပြည်သူ့တော်လှန်ရေး ဆင်နွှဲခြင်းဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။