Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် ဒဏ်ရာရ​နေသည့် PDF ၃၀​ကျော်ကို စစ်ကောင်စီက ပစ်သတ်

“တိုက်ပွဲပြီးတဲ့အချိန်မှာ စစ်ကြောင်းထိုးပြီးတော့ ဒဏ်ရာရလို့ မပြေးနိုင်တဲ့ သူတွေနဲ့ ပုန်းခိုနေတဲ့ သူတွေတို့ကို ပစ်သတ်သွားတာ” ဟု ၎င်းက ဆိုသည်။

ကျဆုံးခဲ့သည့် PDF တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့ဝင် ၃၀ ကျော် ကျဆုံးခဲ့ရခြင်းမှာ တိုက်ပွဲတွင် ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ပစ်သတ်သွား၍ ဖြစ်ကြောင်း အဆိုပါမြို့ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနှင့် ကျွန်းတောရွာကြားတွင် ဇူလိုင် ၂ရက်က PDFနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၃၀ ကျော်ကျဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီဘက်မှလည်း ၄ဦးခန့် သေဆုံးခဲ့ကြောင်း PDFက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များ ဝင်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ PDFက ပြန်လည်ခုခံခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ခုခံခြင်းကို စစ်ကောင်စီက လက်နက်ကြီးများ အချက် ၄၀ကျော် ပစ်ခတ်ခဲ့၍ ဒဏ်ရာရသူများပြားခဲ့ကြောင်း ဒေသခံက ပြောသည်။

“တိုက်ပွဲပြီးတဲ့အချိန်မှာ စစ်ကြောင်းထိုးပြီးတော့ ဒဏ်ရာရလို့ မပြေးနိုင်တဲ့ သူတွေနဲ့ ပုန်းခိုနေတဲ့ သူတွေတို့ကို ပစ်သတ်သွားတာ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့သည့် PDF တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်

ယနေ့နေ့လည်ပိုင်းရှိ စစ်ကောင်စီတပ်များက ကျေးရွာများ နှင့် PDFများ ပုန်းခိုနိုင်ဖွယ်ရှိသော နေရာများကို စစ်ကြောင်းထိုး၍ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံက ပြောသည်။

ဒီပဲယင်းမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အားကောင်းခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များက ကျေးရွာများသို့ မကြာခဏ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်