Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့လယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက စစ်အာဏာရှင် ဖြုတ်ချ​ရေးအတွက် နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်​ဖော်​နေသည်။

ရန်ကုန်မြို့ ​ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်အနီးတွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လူငယ်များနှင့် ပြည်သူများက ယနေ့ (ဇူလိုင် ၇ ရက်) နံနက်ပိုင်း၌ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “7 July စိတ်ဓာတ်ကိုင်ဆွဲ တိုက်ပွဲဝင်ကြ” ၊ “အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းကြ” စသည့် စာတမ်းများကိုင်ဆောင်ကာ ဒီမိုက​ရေစီရရှိရေး ကြွေးကြော်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကိုင်ဆောင်၍ မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့တွင် ရက်​ပေါင်း ၁၅၇ရက် ရှိပြီ ဖြစ်သည်။