Connect with us

Hi, what are you looking for?

News

မီတာမဆောင်ရင်မီးအလှည့်ကျပေးရတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဒီအသိပေးစာကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းက သူတို့ ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားရာမှာတော့ အဲဒီပို့စ်အောက်မှာ ပြည်သူ့တင်မြှောက်တဲ့အစိုးရ ဖြစ်မှ မီတာဆောင်မည်၊ စစ်ကောင်စီကို အခွန်မဆောင်နိုင်ကြောင်းစတဲ့မှတ်ချက်တွေကို ဝင်ရောက်ရေးသားကြတာတွေ့ရပါတယ်။

ပြည်သူတွေကို မီတာမဆောင်ဖို့နဲ့ မီတာခ ကောက်ခံတာတွေရပ်တန့်ဖို့ ဆောင်ရွက်ချက်တွေဟာ မီးအလှည့်ကျ ပေးရတဲ့အထိဖြစ်လာစေဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်ဓာတ်အားကို နိုင်ငံပိုင် ဓာတ်အားပေးစက်ရုံတွေ ထုတ်လုပ်ပေးနေတဲ့အပြင် ပုဂ္ဂလိက ပိုင်စက်ရုံတွေဆီကဓာတ်အားဝယ်ယူဖြန့်ဖြူးပေးနေရတဲ့အတွက် မီတာခ ပေးမှ သာအဆက်မပြတ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်လို့အဲဒီထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သုံးစွဲတဲ့ မီတာခကို လစဉ်ပုံမှန်ပေးဆောင်တဲ့နည်းနဲ့ လူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးစေလို့တဲ့အကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားတာပါ။

ဒီအသိပေးစာကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းက သူတို့ ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားရာမှာတော့ အဲဒီပို့စ်အောက်မှာ ပြည်သူ့တင်မြှောက်တဲ့အစိုးရ ဖြစ်မှ မီတာဆောင်မည်၊ စစ်ကောင်စီကို အခွန်မဆောင်နိုင်ကြောင်းစတဲ့မှတ်ချက်တွေကို ဝင်ရောက်ရေးသားကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်ကောင်စီဟာ မီတာခရဖို့ အတင်းအကြပ်ဖိအားပေးတောင်းခံလာတာတွေရှိလာပြီး ရန်ကုန်က မြို့နယ်အချို့မှာ မီတာခဆောင်ဖို့ လိုက်လံအသိပေးကြေညာတာတွေရှိခဲ့ပါတယ်။

ဒါအပြင် ရန်ကုန် က မြို့နယ်အချို့ မှာ EPC အဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအကူအညီနဲ့ မီတာဘေလ် မပေးဆောင်တဲ့ နေအိမ်တွေကို မီးဖြတ်တာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။

ဒီလိုအခြေအနေမှာ ဒီနေ့မနက်ပိုင်းကမင်္ဂလာဒုံ၊ လမ်းမတော်နဲ့ စမ်းချောင်းမြို့နယ်တွေက လျှပ်စစ်ရုံးများတွင် ဗုံးပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။

ပြည်သူလူထုကတော့ စစ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ မိတာခမဆောင်တဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုကိုဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။