Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် KNPPနှင့် စစ်ကောင်စီတိုက်ပွဲထပ်မံဖြစ်ပွား

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ယင်းဒေသသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာ၍ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ ပြန်လည်ဆုတ်ခွာခြင်း မရှိပါက တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ကြောင်းလည်း KNICတွင် ဖော်ပြထားသည်။

(KNPP တပ်သားများ၏ပုံမှာ ပုံ​ဟောင်းဖြစ်ပါသည်)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP/KA)နှင့် အာဏာသိမ်းစစ်တပ်တို့ ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း KNPP သတင်းနှင့်ပြန်ကြားရေးဌာန KNICက သတင်းထုတ်ပြန်သည်။

KNPP အမှတ်(၃)တပ်ရင်း လှုပ်ရှားရာ နယ်မြေဖြစ်သည့် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အရှေ့ဘက် ဒေါတဟေးရွာနှင့် တီးလုံရွာ အကြားတွင် ဇူလိုင် ၁၂ရက် ၈နာရီခန့်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ယင်းဒေသသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာ၍ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ ပြန်လည်ဆုတ်ခွာခြင်း မရှိပါက တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ကြောင်းလည်း KNICတွင် ဖော်ပြထားသည်။

ဇူလိုင် ၃ရက်က လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီနှင့် KNPP တပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးနောက် ယခုထပ်မံ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းမတိုင်မီ ဇူလိုင် ၂ရက်ကလည်း လွိုင်ကော်- ရှားတော လမ်းပိုင်း ပွန်ချောင်းအနီးတွင် စစ်ကောင်စီတပ်ကို KNPPက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNPPနှင့် စစ်ကောင်စီတို့သည် မေလ ၂၀ရက်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် ဇူလိုင် ၂ရက်မှ စ၍ တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားခဲ့ရာ ၁၀ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့သည်။

ဇူလိုင် ၂ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း KNICက သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်းဖြစ်သည့် တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှု အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။