Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီဒေသ၌ တိုက်ပွဲများပြင်းထန်လာနိုင်ဟု KNDF သတိပေး၊ လတ်တလောတိုက်ပွဲများကြောင့် စစ်ရှောင် သုံးထောင်ကျော်တိုးလာ

စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေခြင်းကြောင့် တိုက်ပွဲများ လက်ရှိထက် ပိုမိုပြင်းထန်လာနိုင်သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။

ကရင်နီဒေသ(ကယားပြည်နယ်)အတွင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူလူထုများအနေဖြင့် သတိကြီးစွာနေထိုင်သွားလာကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည် အာဏာသိမ်းစစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များအတွင်း ထိုးစစ်ဆင် စစ်ရေးလှုပ်ရှာလာ၍ KNDF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေခြင်းကြောင့် တိုက်ပွဲများ လက်ရှိထက် ပိုမိုပြင်းထန်လာနိုင်သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။

“ရှေ့ဆက်မှာက တိုက်ပွဲတွေ ဒီထက်ပိုပြီးကြီးမယ် ဒီထက်ပြင်းမယ့် အလားအလာတွေက အများကြီးရှိနေတာပေါ့။ အဲဒီအပေါ်မှာတော့ မပေါ့လျော့ကြဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် ၁၆ရက်မှ ၁၉ရက်အတွင်း ဘောလခဲမြို့နယ် နန်းဖဲရွာအနီး တိုက်ပွဲများ ပြင်းထန်ခဲ့၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ တာဝေးပစ်အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း အပြင် မြေပြင်တွင်လည်း အင်အားအလုံးအရင်းဖြင့် နန်းဖဲဒေသသို့ စစ်ကြောင်းများထိုးလာနေကြောင်း KDPF တာဝန်ရှိသူက ပြောသည်။

အဆိုပါ အခြေအနေများကြောင့် နန်းဖဲရွာနှင့် အနီးဝန်းကျင်ရှိ ရွာများမှ ဒေသခံ စစ်ဘေးတိမ်းရှောင်နေကြရသည်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ဇူလိုင် ၂၁ရက် ညပိုင်း၌ သတင်းဖော်ပြချက်အရ လတ်တလော တိုက်ပွဲဖြစ်ပွားရာဒေသရှိ ကျေးရွာ ၉ရွာမှ လူဦးရေ ၃၄၀၀ ကျော် စစ်ဘေးဒုက္ခကြုံနေရသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့နယ်တွင်လည်း စစ်ကောင်စီဘက်က သွားလာလှုပ်ရှားမှုများ ဆက်လုပ်နေသည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လွိုင်ကော်မှာလည်း မပြောတက်သေးဘူး ဘယ်အချိန်ထပြီးတော့ ပေါက်မလဲ ဘယ်အချိန်ထပြီးပစ်မလဲဆိုတာပေါ့” ဟု ၎င်းက ဆိုသည်။

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၁၆မှ ၁၉ရက်အတွင်း ဘောလခဲမြို့နယ်၌ တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ ယင်းမတိုင်ခင်ကလည်း လွိုင်ကော်မြို့နယ်တွင် KNPPနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များရှိသည်ဟု KNDFက ဆိုသည်။ သို့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုနိင်ခြင်းမရှိပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကယားပြည်နယ် အပါအဝင် ကရင်နီဒေသများ၌ မေလ ၂၀ရက်မှစ၍ ဒေသခံတိုင်းရင်သာလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံ မိုးဗြဲ ဒေသ တိုက်ပွဲများ ကြောင့် နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က ပိုမိုအထိနာခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိ ဒေသခံ ပြည်သူ ငါးသောင်းခန့် စစ်ဘေးရှောင်နေဆဲဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် စစ်ရှောင်ကူညီရေးတာဝန်ရှိသူက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။