Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာလုစစ်ကောင်စီ အားပေးထောက်ပံ့သူအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ပခုက္ကူPDF သတိပေး

ပခုက္ကူမြိုပေါ် နှင့် အနီးတဝိုက်ရှိ အာဏာလုစစ်ကောင်စီအား နည်းမျိုးစုံနှင့်တော်လှန်လျက်ရှိကြသော မြေပေါ်၊ မြေအောက် အဖွဲ့အစည်းအသီးသီးတို့အား မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

အာဏာလုဖက်ဆစ်စစ်ကောင်စီအား အားပေးအားမြှောက်ထောက်ပံ့သူမည်သူမဆိုကို ပစ်မှတ်ထားတိုက်ခိုက် သွားမည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Pakokku People Defense Force _PPDF )က ဇူလိုင်၂၁ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် အာဏာလုဖက်ဆစ်စစ်ကောင်စီတပ်များ၊ ယင်းတို့၏မိတ်ဘက်အဖွဲ့အစည်းများ၊ သတင်းပေးဒလံများ၊ ပျူစောထီးအဖွဲ့၀င်များကိုလည်း တိုက်ခိုက်သွားမည်ဟု PDFက ဆိုသည်။

ပခုက္ကူမြိုပေါ် နှင့် အနီးတဝိုက်ရှိ အာဏာလုစစ်ကောင်စီအား နည်းမျိုးစုံနှင့်တော်လှန်လျက်ရှိကြသော မြေပေါ်၊ မြေအောက် အဖွဲ့အစည်းအသီးသီးတို့အား မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

ပခုက္ကူ PDF အနေဖြင့် အာဏာလုစစ်ကောင်စီနှင့်အပေါင်းအပါများကိုသာ ရည်ရွယ်တိုက်ခိုကသွားမည်ဖြစ်ပြီး ၊ အများပြည်သူများ စုဝေးရာနေရာများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ထိခိုက်နစ်နာစေရန် လုံး၀(လုံး၀) ဆောင်ရွက်သွားမည်မဟုတ်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ရှုံ့ချပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အာဏာလုဖက်ဆစ်တပ်များနှင့်အပေါင်းအပါများအား တွန်းလှန် တိုက်ခိုက်ရာတွင် မိမိတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန်နှင် PPDFအနေဖြင့် ပြည်သူလုထုနှင့် အတူ ရပ်တည်၍ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များအား မိမိတို့မှ အမြဲကာကွယ် ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အဆိုပါမြို့နယ်အတွင်းရှိအင်အားစုများစုစည်း၍ မေလ၁၂ရက်တွင် ဖွဲ့စည်းထားခဲ့ကြောင်း ဖော်ပြထားသည်။