Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များသို့လေ့လာခွင့်ရရေး ICRC ​ဆွေး​နွေး​နေ

အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး အတွက် ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းထားသည်။


ထောင်တွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များတွင် လူသားချင်းစာနာထောက်ထားမှု သက်သက်သာဖြစ်သည့် သွားရောက်လေ့လာမှုနှင့် လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် အကျဉ်းထောင်တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးနေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ယနေ့သတင်းထုတ်ပြန်သည်။

ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေဆိုးလာသော်လည်း အကျဉ်းသားများ၏ ကျန်းမာရေးစောင့် ရှောက်မှု များ ကိ လျစ်လျူရှုထားခြင်းကြောင့် ယမန်နေ့(ဇူလိုင် ၂၃ရက်)တွင် အင်းစိန်ထောင် အမျိုးသမီး ဆောင်မှ အစပြု၍ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊နောက်ပိုင်းတွင်ထောင်တစ်ခုလုံးမှ အကျဉ်းသားများနှင့် ဝန်ထမ်းအချို့ ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အကျဉ်းဦးစီးဝန်ထမ်းအချို့ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်များ၌ လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လတ်တလော ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များကို ICRCက အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း၊ အကျဉ်းထောင်များ အပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားမှုများ မြင့်တက်လာမှုအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ICRCက ထုတ်ပြန်သည်။

အကျဉ်းချထားရာနေရာများတွင် ကိုဗစ် -၁၉ ရောဂါနှင့် အထွေထွေကျန်းမာရေးဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးနိုင်ရေးအတွက် ICRCက ကမ်းလှမ်းကြောင်း ထပ်လောင်းပြောကြားလိုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံး ၁၆ခုက လည်း အင်စိန်ထောင်တွင်းဆန္ဒပြပွဲ နှင့်ပတ်သက်ပြီး ဆက်လက်ဖြစ်ပေါ် ပြောင်းလဲနေသော အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး အတွက် ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းထားသည်။

ယမန်နေ့ ဆန္ဒပြမှုကြောင့် စစ်ကောင်စီတပ်များ အင်းစိန်ထောင်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ဆန္ဒပြမှု စတင်ခဲ့သည့် အမျိုးသမီးသီးသန့်ဆောင်ကို ဝင်ရောက်ရိုက်နှက်ရာ အမျိုးသမီး ၇ဦး ကျဆုံးသွားကြောင်း သတင်းဖော်ပြမှုအချို့ရှိသော်လည်း ယင်းသေဆုံးမှု ဖြစ်ရပ်ကို သီးခြားအတည်မပြုနိင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

Facebook