မန္တလေးမြို့ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ယနေ့နံနက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြသူများသည် ‘တုံးတိုက်တိုက် ကျားကိုက်ကိုက် အဆုံးထိတိုက်မည်’ဟု ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၇၆ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၃ ရက်ရှိပြီဖြစ်သည်။