Connect with us

Hi, what are you looking for?

LuduNwayOo

News

KIA တပ်မဟာသုံးခုနယ်မြေတွင် ယနေ့တိုက်ပွဲဆက်ဖြစ်

ယန်နှင့် နွမ်လန် ရွာကြား တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ နေလယ် တွင် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို KIA တပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIA) တပ်မဟာ (၅)၊ တပ်မ ဟာ(၁၀)နှင့် တပ်မဟာ(၆) နယ်မြေများ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြား ရေးဌာန Kachinnet Burmese က သတင်းဖော်ပြ သည်။

မိုးမောက်မြို့နယ်ရှိ ကေအိုင်အေအမှတ်(၅)တပ်မဟာ၊ အမှတ်(၁၉)တပ်ရင်းနယ်မြေ၊ ဒေါ့ဖုန်ယန်နှင့် နွမ်လန် ရွာကြား တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ နေလယ် တွင် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို KIA တပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆိုသည်။

KIA တပ်မဟာ(၁၀) အမှတ်(၂)တပ်ရင်းနယ်မြေ၊ မုံဂျီဒေသ၊ လွယ်ဝိန်းဘွမ်တွင် လည်း ယနေ့မနက်ပိုင်းက ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှား၊ ထိုးစစ်ဆင်မှုများပြုလုပ် နေ၍ KIAက ခုခံခဲ့ကြောင်း၊ တာမိုးညဲဒေသ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်သို့ ပစ်ခတ်ခဲ့ကြောင်း Kachinnet Burmese က ဖော်ပြသည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ၊ မုံးကိုးဒေသ တွင်လည်း ယနေ့မနက်က အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)တို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါဒေသတွင် MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလဆန်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Kachinnet Burmese က တိုက်ပွဲသတင်းများဖော်ပြခဲ့သော်လည်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ အနေများကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီအနေဖြင့် လတ်တလောတွင် ကချင်ဒေသသို့ စစ်အင်အားဖြင့်တင်းမှုများ ပြုလုပ်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။