Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထိန်းချုပ်ခံ မြောက်ဥက္ကလာပဆေးရုံမှာ ၄ နာရီလောက် အောက်ဆီဂျင်ပြတ်ပြီး ကိုဗစ်လူနာတွေ သေဆုံး

“ ဇူလိုင် ၂၄ ရက်နေ့က မနက် ၃ နာရီခွဲလောက်မှာ အောက်ဆီဂျင်လိုင်းတွေ လုံးဝထိုးကျသွားတယ်။ အဲလိုပြတ်သွားတော့ အဓိကအောက်ဆီဂျင်လိုတဲ့သူတွေ အသက်ဆုံးသွားကြတယ်။ ကျွန်တော့်မျက်မြင်ဆိုရင် ကျွန်တော်တို့အဆောင်မှာပဲ မရှိဘူးဆိုရင် အနည်းဆုံး ၈ လောင်း ၉ လောင်းလောက်ရှိတယ်” လို့ သေဆုံးလူနာတွေထဲမှာ ဖခင်ကိုဆုံးရှုံးခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ၄ နာရီကျော်လောက် အောက်ဆီဂျင်ပြတ်တောက်ပြီး ကိုဗစ်လူနာတချို့သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အဓိက အောက်ဆီဂျင်ပြတ်ခဲ့တဲ့အဆောင်က ဆေးရုံဝန်းထဲက အဆောင်သစ်မှာရှိတဲ့ Isolation(2)မှာဖြစ်ပြီး ဇူလိုင် ၂၄ ရက်နေ့ မနက် ၃ နာရီကျော်ကနေ မနက် ၈ နာရီလောက်အထိ ပြတ်တောက်ခဲ့တာလို့ သေဆုံးမိသားစုဝင်တချို့က ပြောပါတယ်။

“ ဇူလိုင် ၂၄ ရက်နေ့က မနက် ၃ နာရီခွဲလောက်မှာ အောက်ဆီဂျင်လိုင်းတွေ လုံးဝထိုးကျသွားတယ်။ အဲလိုပြတ်သွားတော့ အဓိကအောက်ဆီဂျင်လိုတဲ့သူတွေ အသက်ဆုံးသွားကြတယ်။ ကျွန်တော့်မျက်မြင်ဆိုရင် ကျွန်တော်တို့အဆောင်မှာပဲ မရှိဘူးဆိုရင် အနည်းဆုံး ၈ လောင်း ၉ လောင်းလောက်ရှိတယ်” လို့ သေဆုံးလူနာတွေထဲမှာ ဖခင်ကိုဆုံးရှုံးခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆေးရုံတက်ကုသမှုခံယူရင်း အောက်ဆီဂျင်ပြတ်တောက်လို့ သေဆုံးရသူတွေထဲမှာ အဒေါ်ဖြစ်သူရဲ့ ယောကျ်ားလည်း ပါဝင်ခဲ့တယ်လို့ အမျိုးသမီးတစ်ဦးကလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်ဆီဂျင်ပြတ်တောက်မှု မဖြစ်ပွားခင် ဇူလိုင် ၂၃ ရက်နေ့ညပိုင်းက ဆေးရုံထဲကို အရပ်ဝတ်နဲ့လူတစ်စုရောက်လာပြီး အောက်ဆီဂျင်ထုတ်တဲ့စက်ရုံအပါအဝင် ဆေးရုံထဲသွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကို လာကြည့်သွားတဲ့အပြင် ပိုက်လိုင်းဖျက်ဆီးခံရတယ်ဆိုတဲ့သတင်းတွေ ဆေးရုံထဲပြန့်နှံ့နေခဲ့တယ်လို့ အဲဒီနေ့က လူနာစောင့်အဖြစ်ရှိနေခဲ့သူတချို့က ဆိုပါတယ်။
လူနာတွေ သေဆုံးမှုနဲ့ အောက်ဆီဂျင်ပြတ်တောက်တဲ့ကိစ္စကို ဆေးရုံတာဝန်ရှိသူတွေထံ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေတဲ့လက်ရှိကာလမှ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ လူနာတွေလိုအပ်တဲ့အောက်ဆီဂျင်ပြဿနာကို ဖြေရှင်းမပေးတဲ့အပြင် လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ အောက်ဆီဂျင်ထုတ်စက်ရုံတွေနဲ့ အောက်ဆီဂျင်အိုးတင်သွင်းမှုကိုပါ ဖိအားပေးထိန်းချုပ်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဒါအပြင် စစ်​ကောင်စီက ဇူလိုင် ၂၂ ရက်မှာ ​မြောက်ဥက္ကလာပ ​ဆေးရုံးမှာ ​အောက်စီဂျင်ပိုက်တချို့ ဖျက်ဆီးခံရတယ်လို့ သတင်းထုတ်ပြန်​ပေမယ့် စစ်​ကောင်စီတပ်​တွေ လုံခြုံ​ရေး ယူထားတဲ့ ​ဆေးရုံထဲ ​အောက်စီဂျင်ပိုက် ​တွေဖျက်ဆီးခံရတာမှန်ရင် စစ်​ကောင်စီတပ်ကပဲ ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ ပြည်သူ​တွေကသုံးသပ်​နေကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲကိစ္စများ‌ဆောင်ရွက်နေသည့် ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီရုံးကို ဇူလိုင် ၁၁ ရက်ညတွင် ၄၀မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။