Connect with us

Hi, what are you looking for?

News

နှစ်ရက်အတွင်းဖြစ်သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာ၍ ယခုလအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ ၏ နယ်မြေကျူးကျော်မှုကြောင့် ဖာပွန်(မူတြော်) ခရိုင်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင် စီ တပ်ဖွဲ့ဝင် ၇ဦး ထပ်မံသေဆုံးခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်များတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့နှင့် KNU တပ်မဟာ(၅)အကြား တိုက်ပွဲ ၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ တပ်ခွဲမှူး တစ်ဦး အပါအဝင် ၇ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ KNU တပ်မဟာ(၅)ဘက်မှ ထိခိုက်ကျဆုံး မှုမရှိဟုဆိုသည်။

KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာ၍ ယခုလအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook