Connect with us

Hi, what are you looking for?

News

မြ​တောင်သပိတ်စစ်​ကြောင်းကို စစ်​ကောင်စီက​သေနတ်ဖြင့်ပစ်ခတ်၍ သုံးဦးအသက်အန္တရာယ်စိုးရိမ်ရ

းတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

(ဓါတ်ပုံ - ဖြိုခွင်းပြီးနောက် ဘုရားကြီးအရှေ့မုခ်တွင် လက်နက်ကိုင်အရပ်ဝတ်များအား တွေ့ရစဥ်)

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယ​နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဆန္ဒပြလူငယ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး မြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်မှန်ခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မြ​တောင်သပိတ်စစ်​ကြောင်းဖြိုခွင်းရာတွင် အရပ်ဝတ် ဝတ်ထား​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များပါ ပါဝင်ခဲ့သည်ကို ​တွေ့ရသည်။

မြတောင်သပိတ်စစ်ကြောင်းသည် အာဏာသိမ်းပြီး ဖေဖော်ဝါရီလကတည်းက ငြိမ်းချမ်းစွာဆန္ဒပြ​နေကြပြီး မကြာခဏဖြိုခွင်းခံခဲ့ရ​သော်လည်း ဆက်လက်ဆန္ဒပြ​နေ​သော သပိတ်စစ်​ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။