Connect with us

Hi, what are you looking for?

News

မြ​တောင်သပိတ်စစ်​ကြောင်းကို စစ်​ကောင်စီက​သေနတ်ဖြင့်ပစ်ခတ်၍ သုံးဦးအသက်အန္တရာယ်စိုးရိမ်ရ

းတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

(ဓါတ်ပုံ - ဖြိုခွင်းပြီးနောက် ဘုရားကြီးအရှေ့မုခ်တွင် လက်နက်ကိုင်အရပ်ဝတ်များအား တွေ့ရစဥ်)

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယ​နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဆန္ဒပြလူငယ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး မြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်မှန်ခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မြ​တောင်သပိတ်စစ်​ကြောင်းဖြိုခွင်းရာတွင် အရပ်ဝတ် ဝတ်ထား​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များပါ ပါဝင်ခဲ့သည်ကို ​တွေ့ရသည်။

မြတောင်သပိတ်စစ်ကြောင်းသည် အာဏာသိမ်းပြီး ဖေဖော်ဝါရီလကတည်းက ငြိမ်းချမ်းစွာဆန္ဒပြ​နေကြပြီး မကြာခဏဖြိုခွင်းခံခဲ့ရ​သော်လည်း ဆက်လက်ဆန္ဒပြ​နေ​သော သပိတ်စစ်​ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook