Connect with us

Hi, what are you looking for?

LuduNwayOo

News

ပစ်ခတ်ဖြိုခွင်းမှုကြားက လမ်း​ပေါ်ထွက်လာတဲ့ သံဃသမဂ္ဂသပိတ်စစ်​ကြောင်း

အဆိုပါ သံဃာ​တော်များသည် စစ်အာဏာရှင်ဆန့် ကျင်ရေး ၁၆၉ ရက်မြောက်အဖြစ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများကို စစ်တပ်က လိုက်လံပစ်ခတ်နေသည့်ကြားမှ သံဃာတော်များသည် သံဃသမဂ္ဂသပိတ်စစ်​ကြောင်းဖြင့် ယ​နေ့ည​နေပိုင်းတွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သံဃာ​တော်များသည် စစ်အာဏာရှင်ဆန့် ကျင်ရေး ၁၆၉ ရက်မြောက်အဖြစ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယနေ့ နေ့လယ်ကလည်း မြတောင်သပိတ်စစ် ကြောင်းအား စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦး သေနတ်ဒဏ်ရာများဖြင့် အဖမ်းခံခဲ့ရသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၇၇ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၄ ရက်ရှိပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like