Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက​ သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းသည့် မြ​တောင်သပိတ်စစ်​ကြောင်းမှ ဒဏ်ရာရသူအမျိုးသမီးငယ်ကျဆုံး

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသူ သုံးဦးထဲမှ မသူသူဇင်မှာကျဆုံးခဲ့ခြင်းဖြစ်ပြီး ၊ ကျန် နှစ်ဦးမှာလည်း စိုးရိမ်​ရ​ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူများက​ပြောသည်။

(စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲတွင်​ရှေ့တန်းမှတက်ကြွစွာ ​ပါဝင်ခဲ့​သော မသူသူဇင်)

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယ​နေ့မွန်းလွှဲပိုင်းတွင် ပရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင် ကျဆုံးသွား​ကြောင်းသတင်းရရှိသည်။

ယနေ့ (ဇူလိုင်လ ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်​ပျောက်ကြားသပိတ်ဆင်နွဲ​နေ​သောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသူ သုံးဦးထဲမှ မသူသူဇင်မှာကျဆုံးခဲ့ခြင်းဖြစ်ပြီး ၊ ကျန် နှစ်ဦးမှာလည်း စိုးရိမ်​ရ​ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူများက​ပြောသည်။

“ထောင်ထဲနေတဲ့နင်တို့တောင်မကြောက်တာအပြင်မှာနေတဲ့ငါတို့ကဘာကိုသွေးကြောင်နေရမှာလဲ​။ဘယ်တော့မှနောက်မဆုတ်ဘူး ။အားတင်းထားပါ။ငါတို့နိုင်မှာ။စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်#အရေးတော်ပုံ အောင်ရမည်” ဟု မသူသူဇင်က စစ်အာဏာရှင်​တော်လှန်​ရေးနှင့် ပတ်သပ်ပြီး ဇူလိုင် ၂၄ ရက်က​ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

မသူသူဇင် မကျဆုံးခင် ​ ​ဖေစ်ဘွခ်တွင်နောက်ဆုံး​ရေး သားခဲ့​​သောပို့စ်မှာ ” တကယ်ပါသုံးစရာလဲမရှိတော့ဘူး။စားစရာလဲမရှိတော့ဘူး။ဘဝတွေရင်နာစရာကောင်းလိုက်တာ။ငလမ မင်းအောင်လှိုင်” ဟုဖြစ်ပြီး ဇူလိူင် ၂၇ ရက်နံနက်တွင် ​ရေးခဲ့ခြင်းဖြစ်သည်။

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲ များတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​ကြောင်း ၎င်း၏မိတ်​ဆွေအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။