Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက​ သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းသည့် မြ​တောင်သပိတ်စစ်​ကြောင်းမှ ဒဏ်ရာရသူအမျိုးသမီးငယ်ကျဆုံး

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသူ သုံးဦးထဲမှ မသူသူဇင်မှာကျဆုံးခဲ့ခြင်းဖြစ်ပြီး ၊ ကျန် နှစ်ဦးမှာလည်း စိုးရိမ်​ရ​ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူများက​ပြောသည်။

(စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲတွင်​ရှေ့တန်းမှတက်ကြွစွာ ​ပါဝင်ခဲ့​သော မသူသူဇင်)

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ယ​နေ့မွန်းလွှဲပိုင်းတွင် ပရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင် ကျဆုံးသွား​ကြောင်းသတင်းရရှိသည်။

ယနေ့ (ဇူလိုင်လ ၂၇ ရက်)က မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်​ပျောက်ကြားသပိတ်ဆင်နွဲ​နေ​သောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“အပစ်ခံရတဲ့ သုံးယောက်ကို ကားပေါ်တင်သွားတယ်။ တစ်ယောက်ကတော့ ခေါင်းထိပြီး အသက်အန္တရယ်စိုးရိမ်ရတယ်”ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသူ သုံးဦးထဲမှ မသူသူဇင်မှာကျဆုံးခဲ့ခြင်းဖြစ်ပြီး ၊ ကျန် နှစ်ဦးမှာလည်း စိုးရိမ်​ရ​ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူများက​ပြောသည်။

“ထောင်ထဲနေတဲ့နင်တို့တောင်မကြောက်တာအပြင်မှာနေတဲ့ငါတို့ကဘာကိုသွေးကြောင်နေရမှာလဲ​။ဘယ်တော့မှနောက်မဆုတ်ဘူး ။အားတင်းထားပါ။ငါတို့နိုင်မှာ။စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်#အရေးတော်ပုံ အောင်ရမည်” ဟု မသူသူဇင်က စစ်အာဏာရှင်​တော်လှန်​ရေးနှင့် ပတ်သပ်ပြီး ဇူလိုင် ၂၄ ရက်က​ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

မသူသူဇင် မကျဆုံးခင် ​ ​ဖေစ်ဘွခ်တွင်နောက်ဆုံး​ရေး သားခဲ့​​သောပို့စ်မှာ ” တကယ်ပါသုံးစရာလဲမရှိတော့ဘူး။စားစရာလဲမရှိတော့ဘူး။ဘဝတွေရင်နာစရာကောင်းလိုက်တာ။ငလမ မင်းအောင်လှိုင်” ဟုဖြစ်ပြီး ဇူလိူင် ၂၇ ရက်နံနက်တွင် ​ရေးခဲ့ခြင်းဖြစ်သည်။

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲ များတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​ကြောင်း ၎င်း၏မိတ်​ဆွေအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook