Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့ ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးမှု ယုံကြည်စိတ်ချရမှုမရှိဟု ဗြိတိန်ဝန်ကြီးပြော

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်အပေါ် အထက်ပါဗြိတိန် ဝန်ကြီးက ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီစနစ်ကိုဆက်လက်ဖျက်ဆီးနေဆဲဖြစ်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ယုံကြည်စိတ်ချရမှုမရှိဘူးလို့ အာရှဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီးနိုင်ဂျယ်အဒမ်စ်က ပြောပါတယ်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်အပေါ် အထက်ပါဗြိတိန် ဝန်ကြီးက ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“မြန်မာစစ်အာဏာရှင်အစိုးရက ဒီမိုကရေစီစနစ်ကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများရဲ့ တွေ့ရှိချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်က မဲဆန္ဒရှင် တွေရဲ့ စစ်မှန်သောဆန္ဒကို ထင်ဟပ်ခဲ့ပေမယ့် အဆိုပါ ရလဒ်ကို စစ်အာဏာရှင်အစိုးရကပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက ယုံကြည်စိတ်ချရမှုမရှိပါ” လို့ နိုင်ဂျယ်အဒမ်စ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

(ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေအစုလိုက်သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ - KPSN)

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကနီမြို့နယ်မှာအလှူအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ‌ ရဟန်းနဲ့ ​​မောင်ရင်​လောင်း​တွေအပါအဝင် ပြည်သူ ၇ ဦးကိုသတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို ULF စစ်ကြောင်းကပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook