Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ရဲ့ ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးမှု ယုံကြည်စိတ်ချရမှုမရှိဟု ဗြိတိန်ဝန်ကြီးပြော

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်အပေါ် အထက်ပါဗြိတိန် ဝန်ကြီးက ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီစနစ်ကိုဆက်လက်ဖျက်ဆီးနေဆဲဖြစ်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ယုံကြည်စိတ်ချရမှုမရှိဘူးလို့ အာရှဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီးနိုင်ဂျယ်အဒမ်စ်က ပြောပါတယ်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်အပေါ် အထက်ပါဗြိတိန် ဝန်ကြီးက ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“မြန်မာစစ်အာဏာရှင်အစိုးရက ဒီမိုကရေစီစနစ်ကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများရဲ့ တွေ့ရှိချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်က မဲဆန္ဒရှင် တွေရဲ့ စစ်မှန်သောဆန္ဒကို ထင်ဟပ်ခဲ့ပေမယ့် အဆိုပါ ရလဒ်ကို စစ်အာဏာရှင်အစိုးရကပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက ယုံကြည်စိတ်ချရမှုမရှိပါ” လို့ နိုင်ဂျယ်အဒမ်စ်က ဆိုပါတယ်။