Connect with us

Hi, what are you looking for?

LuduNwayOo

News

ရုပ်အ​လောင်းမပါဘဲလုပ်ခဲ့ရတဲ့ သူရဲ​ကောင်းမသူသူဇင်၏ စျာပနအခမ်းအနား

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့အထိ ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်က​သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းမှ သူရဲ​ကောင်းမသူသူဇင်၏ စျာပနအခမ်းအနားကို သပိတ်​ပေါင်းစုံမှ လူငယ်များကဦး​ဆောင်၍ ယ​နေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

မသူသူဇင်၏ ရုပ်အ​လောင်းကို စစ်တပ်ကသိမ်းယူထား၍ ရုပ်အ​လောင်းမပါဘဲ စျာပနအခမ်းအနားပြုလုပ်ခဲ့ရသည်။

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ဇူလိုင်၂၇ရက် မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင်ကျဆုံးသွား​ခဲ့သည်။

မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်​ပျောက်ကြားသပိတ်ဆင်နွဲ​နေ​သောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့အထိ ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

မြ​​တောင်သပိတ်စစ်​ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် မန္တ​လေးမြို့တွင် ​နေ့စဥ်မပျက်ချီတက်ဆန္ဒပြ​နေသည့် သပိတ်စစ်​ကြောင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာသိမ်းမှုကို (နိုက်ဂျားစစ်တပ် ရာထူးသတ်မှတ်ချက်အရ) ဗိုလ်မှူးချုပ်ကြီးအဆင့် အရာရှိ အမူဒူ အက်ဘ်ဒရာ မာနေးက ဦးဆောင်ခဲ့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ် ဘယ်သူက တာဝန်ယူမလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဆောင်းပါး

သတ္တုတူးဖော်ရေး စီမံကိန်း ဧရိယာ တဝိုက်မှာ မြေမြှုပ်မိုင်းတွေနဲ့ အထပ်ထပ် ကာကွယ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဒီမိုကရေစီရေး လက်နက်ကိုင် အင်အားစု တစ်ခုက စတင် ဖော်ထုတ်လာနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလထုတ် Landmine Monitor Myanmar (Burma) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

ယင်းနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၅၉၈) ဦးရှိပြီး ထိုအထဲမှ (၁၉၂၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၅၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း AAPP က...

သတင်း

ပြည်သူများအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ တပ်ထိုင်သောနေရာများ၊ လုံခြုံရေးကင်းထိုးသော နေရာများမှ ဝေးဝေးရှောင်ရန် မေတ္တာရှေ့ထား အထူးသတိပေးကြောင်း ဖော်ပြထားသည်။