Connect with us

Hi, what are you looking for?

News

ရုပ်အ​လောင်းမပါဘဲလုပ်ခဲ့ရတဲ့ သူရဲ​ကောင်းမသူသူဇင်၏ စျာပနအခမ်းအနား

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့အထိ ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်က​သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းမှ သူရဲ​ကောင်းမသူသူဇင်၏ စျာပနအခမ်းအနားကို သပိတ်​ပေါင်းစုံမှ လူငယ်များကဦး​ဆောင်၍ ယ​နေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

မသူသူဇင်၏ ရုပ်အ​လောင်းကို စစ်တပ်ကသိမ်းယူထား၍ ရုပ်အ​လောင်းမပါဘဲ စျာပနအခမ်းအနားပြုလုပ်ခဲ့ရသည်။

မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ဇူလိုင်၂၇ရက် မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင်ကျဆုံးသွား​ခဲ့သည်။

မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်​ပျောက်ကြားသပိတ်ဆင်နွဲ​နေ​သောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ​သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်​သည်။ သူမ၏ရုပ်အ​လောင်းကို စစ်တပ်ကသယ်သွားပြီး ယ​နေ့အထိ ပြန်လည်​ပေးခြင်း မရှိ​သေး​ပေ။

မြ​​တောင်သပိတ်စစ်​ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် မန္တ​လေးမြို့တွင် ​နေ့စဥ်မပျက်ချီတက်ဆန္ဒပြ​နေသည့် သပိတ်စစ်​ကြောင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

Facebook