Connect with us

Hi, what are you looking for?

News

နမ္မတီးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို KIAတိုက်ခိုက်

စီးဒီယန် စခန်းတပ်ကထိုင်ထားတဲ့ စကခ လက်အောက်ခံထိုင်ထားတဲ့ ဥစ္စာလေးက ကျသွားတယ်လို့ ပြောတယ်။ အင်အားနှစ်ရာ သုံးရာလောက်နဲ့လာတိုက်တယ်ကြားတယ်။ အသေအပျောက်ကတော့ မကြားသေးဘူး” ဟု ဒေသခံက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီးရှိ ကျေးရွာတစ်ရွာမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ယနေ့နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း နမ္မတီးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ စီးဒီယန် စခန်းတပ်ကထိုင်ထားတဲ့ စကခ လက်အောက်ခံထိုင်ထားတဲ့ ဥစ္စာလေးက ကျသွားတယ်လို့ ပြောတယ်။ အင်အားနှစ်ရာ သုံးရာလောက်နဲ့လာတိုက်တယ်ကြားတယ်။ အသေအပျောက်ကတော့ မကြားသေးဘူး” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်စခန်းတည်ရှိရာ စီးဒီယန်ကျေးရွာသည် နမ္မတီးမြို့နှင့် နှစ်မိုင်ကျော် အကွာတွင် တည်ရှိကြောင်း၊စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးပစ်ကူ ပေးခဲ့ရာ လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောာင်း ကချင်ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ရက် ညပိုင်းကလည်း စီးဒီယန်တပ်စခန်းနှင့် နှစ်မိုင်ခန့်အကွာရှိ မရန်ကထောင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIAက လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

KIAအနေဖြင့် ဇူလိုင် ၂၉ရက်မှ ၃၁ရက်အကြား ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီ တပ်စခန်း ​ခြောက်ခုထက်မနည်းကို တိုက်ခိုက်သကဲ့သို့ စစ်ကောင်စီ ယာဉ်တန်းများကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။