Connect with us

Hi, what are you looking for?

News

နမ္မတီးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို KIAတိုက်ခိုက်

စီးဒီယန် စခန်းတပ်ကထိုင်ထားတဲ့ စကခ လက်အောက်ခံထိုင်ထားတဲ့ ဥစ္စာလေးက ကျသွားတယ်လို့ ပြောတယ်။ အင်အားနှစ်ရာ သုံးရာလောက်နဲ့လာတိုက်တယ်ကြားတယ်။ အသေအပျောက်ကတော့ မကြားသေးဘူး” ဟု ဒေသခံက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီးရှိ ကျေးရွာတစ်ရွာမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ယနေ့နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း နမ္မတီးမြို့ဒေသခံတစ်ဦးက ပြောသည်။

“စီးဒီယန် စခန်းတပ်ကထိုင်ထားတဲ့ စကခ လက်အောက်ခံထိုင်ထားတဲ့ ဥစ္စာလေးက ကျသွားတယ်လို့ ပြောတယ်။ အင်အားနှစ်ရာ သုံးရာလောက်နဲ့လာတိုက်တယ်ကြားတယ်။ အသေအပျောက်ကတော့ မကြားသေးဘူး” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်စခန်းတည်ရှိရာ စီးဒီယန်ကျေးရွာသည် နမ္မတီးမြို့နှင့် နှစ်မိုင်ကျော် အကွာတွင် တည်ရှိကြောင်း၊စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးပစ်ကူ ပေးခဲ့ရာ လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောာင်း ကချင်ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ရက် ညပိုင်းကလည်း စီးဒီယန်တပ်စခန်းနှင့် နှစ်မိုင်ခန့်အကွာရှိ မရန်ကထောင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIAက လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

KIAအနေဖြင့် ဇူလိုင် ၂၉ရက်မှ ၃၁ရက်အကြား ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီ တပ်စခန်း ​ခြောက်ခုထက်မနည်းကို တိုက်ခိုက်သကဲ့သို့ စစ်ကောင်စီ ယာဉ်တန်းများကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။