Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်-မတူပီလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၀ဦးခန့်သေဆုံး

ယ​နေ့​ စစ်​ကောင်စီဝါဒဖြန့်သတင်းစာနာ​ရေးတွင်ပါရှိ​သော အသက်(၄၈)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး​ဇော်​ဇော်စိုးမှာ အဆိုပါတိုက်ပွဲတွင် ​သေဆုံးခဲ့သူဖြု်​ကြောင်း CDFက ထုတ်ပြန်သည်။

မင်းတပ်- မတူပီလမ်းပိုင်းတွင် ဇူလိုင် ၃၀ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောကြားသည်။

ကျဆုံးသွားသည့် စစ်ကောင်စီတပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ကြောင်း၊ CDF ဘက်ကလည်း သုံးဦးကျဆုံးခဲ့ကြောင်း ၎င်း ကဆိုသည်။

ယ​နေ့​ စစ်​ကောင်စီဝါဒဖြန့်သတင်းစာနာ​ရေးတွင်ပါရှိ​သော အသက်(၄၈)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး​ဇော်​ဇော်စိုးမှာ အဆိုပါတိုက်ပွဲတွင် ​သေဆုံးခဲ့သူဖြု်​ကြောင်း CDFက ထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီဘက်က တပ်အင် အားများ ဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ ရက်ကစ၍ တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယခု စစ်ကောင်စီ တပ်ရင်းမှူး သေဆုံးခဲ့သည့် မင်းတပ်-မတူပီ လမ်း မိုင် ၇၀ ပတ်ဝန်းကျင်တွင် ဇူလိုင် ၂၄ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ဇူလိုင် ၂၉ရက်နှင့် ၃၀ရက်တွင်လည်းတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆို သည်။

ဇူလိုင် ၂၉ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ​လေးဦးထက်မနည်းသေဆုံးပြီး CDF ဘက်က သုံးဦးကျဆုံးထားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။