Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၀ဦးခန့်သေဆုံး

ယ​နေ့​ စစ်​ကောင်စီဝါဒဖြန့်သတင်းစာနာ​ရေးတွင်ပါရှိ​သော အသက်(၄၈)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး​ဇော်​ဇော်စိုးမှာ အဆိုပါတိုက်ပွဲတွင် ​သေဆုံးခဲ့သူဖြု်​ကြောင်း CDFက ထုတ်ပြန်သည်။

မင်းတပ်- မတူပီလမ်းပိုင်းတွင် ဇူလိုင် ၃၀ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောကြားသည်။

ကျဆုံးသွားသည့် စစ်ကောင်စီတပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ကြောင်း၊ CDF ဘက်ကလည်း သုံးဦးကျဆုံးခဲ့ကြောင်း ၎င်း ကဆိုသည်။

ယ​နေ့​ စစ်​ကောင်စီဝါဒဖြန့်သတင်းစာနာ​ရေးတွင်ပါရှိ​သော အသက်(၄၈)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး​ဇော်​ဇော်စိုးမှာ အဆိုပါတိုက်ပွဲတွင် ​သေဆုံးခဲ့သူဖြု်​ကြောင်း CDFက ထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီဘက်က တပ်အင် အားများ ဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ ရက်ကစ၍ တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယခု စစ်ကောင်စီ တပ်ရင်းမှူး သေဆုံးခဲ့သည့် မင်းတပ်-မတူပီ လမ်း မိုင် ၇၀ ပတ်ဝန်းကျင်တွင် ဇူလိုင် ၂၄ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ဇူလိုင် ၂၉ရက်နှင့် ၃၀ရက်တွင်လည်းတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆို သည်။

ဇူလိုင် ၂၉ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ​လေးဦးထက်မနည်းသေဆုံးပြီး CDF ဘက်က သုံးဦးကျဆုံးထားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။