တန့်ဆည်မြို့နယ် ကျေးလက်ရှိ ပြည်သူအချို့က ကောက်စိုက်ရင်း စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် သပိတ်ဆင်နွှဲခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရား သဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၂ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေ သော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ် ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၇၉ ရက်ရှိပြီဖြစ်သည်။
