Connect with us

Hi, what are you looking for?

News

လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် မညီသည့်ပုံများဖော်ပြခြင်းမပြုရန် မင်းတပ် CDF ​သတိ​ပေး

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် ဖိနှိပ်ခြင်းကြောင့် ပေါ်ပေါက်လာသည့် မင်းတပ်ဒေသ တိုက်ပွဲများတွင် နှစ်ဖက်သေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် ညီညွတ်မှုမရှိသည့် အရာများကို မင်းတပ် CDF အနေဖြင့် ဖော်ပြခြင်း မရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှုများနှင့်ပတ်သက်၍ လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် မညီသည့် မှတ်တမ်း၊ ဓာတ်ပုံ၊ ရုပ်သံဖိုင်နှင့် သတင်းများအား ရေးသားဖော်ပြခြင်းမပြုရန် တိုက်တွန်းကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၃၀ရက်က မင်းတပ် – မတူပီ လမ်းပိုင်း၌ ဖြစ်သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်မှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရာ အဆိုပါ ရုပ်အလောင်းပုံများကို သတင်းဖော်ပြခြင်း၊ လူမှုကွန်ရက်၌ မျှဝေခြင်းများ ရှိနေခြင်းနှင့်ပတ်သက်၍ မင်းတပ် CDFက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် ဖိနှိပ်ခြင်းကြောင့် ပေါ်ပေါက်လာသည့် မင်းတပ်ဒေသ တိုက်ပွဲများတွင် နှစ်ဖက်သေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် ညီညွတ်မှုမရှိသည့် အရာများကို မင်းတပ် CDF အနေဖြင့် ဖော်ပြခြင်း မရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ CDF မင်းတပ်အနေဖြင့် သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နှင့်CDF မင်းတပ် Official Facebook Group အား ဖွဲ့စည်းထားပြီး ဖြစ်၍ CDF မင်းတပ်နှင့် သက်ဆိုင်သည့်သတင်းများအား အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ရေးသားဖော်ပြခြင်း မပြုရန် နှင့် ဆက်လက်ဖြစ်ပေါ်ပါက အရေး ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။