Connect with us

Hi, what are you looking for?

News

လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် မညီသည့်ပုံများဖော်ပြခြင်းမပြုရန် မင်းတပ် CDF ​သတိ​ပေး

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် ဖိနှိပ်ခြင်းကြောင့် ပေါ်ပေါက်လာသည့် မင်းတပ်ဒေသ တိုက်ပွဲများတွင် နှစ်ဖက်သေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် ညီညွတ်မှုမရှိသည့် အရာများကို မင်းတပ် CDF အနေဖြင့် ဖော်ပြခြင်း မရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှုများနှင့်ပတ်သက်၍ လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် မညီသည့် မှတ်တမ်း၊ ဓာတ်ပုံ၊ ရုပ်သံဖိုင်နှင့် သတင်းများအား ရေးသားဖော်ပြခြင်းမပြုရန် တိုက်တွန်းကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၃၀ရက်က မင်းတပ် – မတူပီ လမ်းပိုင်း၌ ဖြစ်သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်မှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရာ အဆိုပါ ရုပ်အလောင်းပုံများကို သတင်းဖော်ပြခြင်း၊ လူမှုကွန်ရက်၌ မျှဝေခြင်းများ ရှိနေခြင်းနှင့်ပတ်သက်၍ မင်းတပ် CDFက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် ဖိနှိပ်ခြင်းကြောင့် ပေါ်ပေါက်လာသည့် မင်းတပ်ဒေသ တိုက်ပွဲများတွင် နှစ်ဖက်သေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း လူ့ကျင့်ဝတ်ဂုဏ်သိက္ခာနှင့် ညီညွတ်မှုမရှိသည့် အရာများကို မင်းတပ် CDF အနေဖြင့် ဖော်ပြခြင်း မရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ CDF မင်းတပ်အနေဖြင့် သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နှင့်CDF မင်းတပ် Official Facebook Group အား ဖွဲ့စည်းထားပြီး ဖြစ်၍ CDF မင်းတပ်နှင့် သက်ဆိုင်သည့်သတင်းများအား အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ရေးသားဖော်ပြခြင်း မပြုရန် နှင့် ဆက်လက်ဖြစ်ပေါ်ပါက အရေး ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။