Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၏ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၃ ရက်ရှိပြီဖြစ်သည်။

ဓာတ်ပုံ - Poison - Spring Revolution

စစ်အာဏာရှင်ဖြုတ်ချ‌ရေးအဖြစ် မန္တလာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၏ သပိတ်စစ်ကြောင်းမှာ ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် သပိတ်စစ်ကြောင်းအသီးသီးက နေ့စဥ်မပျက်ချီတက်ဆန္ဒပြ နေကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၃ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၈၀ ရက်ရှိပြီဖြစ်သည်။