Connect with us

Hi, what are you looking for?

News

အုပ်ကြီး၊ ဒလန်နဲ့ ပျူစောထီးအဖွဲ့ဝင် ၄၈ ဦးကို သုတ်သင်ပြီးဖြစ်ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့ ကြေညာ

ဒီအထဲမှာ တောင်ဖြူဒေသနဲ့ မုံရွာဒေသတွေပါဝင်ပြီး ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၂ ရက်အထိ ၅ ရက်ကြာ လုပ်ဆောင်ခဲ့တာလို့ မိုးကြိုးမုန်တိုင်းအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး သတင်းပေးဒလန်နဲ့ ပျူစောထီးအဖွဲ့ဝင် ၄၈ ဦးတို့ကို ရှင်းလင်းပြီးဖြစ်တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရှင်းလင်းရေးလုပ်ရာမှာ ဗိုလ်ဝီလျှံသူရိန်အဖွဲ့က ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေးဗစ်တုတ်တိုအဖွဲ့က ၄ ဦး ဗိုလ်ပေါ်ဦးအဖွဲ့က ၁၄ ဦး ဗိုလ်နဂါးအဖွဲ့က ၁၈ ဦး ဗိုလ်မိုးကြိုးအဖွဲ့က ၃ ဦး ဗိုလ်မုန်တိုင်းအဖွဲ့က ၃ ဦးနဲ့ ဗိုလ်တောက်ထိန်အဖွဲ့က ၂ ဦး အသီးသီးဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီအထဲမှာ တောင်ဖြူဒေသနဲ့ မုံရွာဒေသတွေပါဝင်ပြီး ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၂ ရက်အထိ ၅ ရက်ကြာ လုပ်ဆောင်ခဲ့တာလို့ မိုးကြိုးမုန်တိုင်းအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဒလန်အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အခြားတစ်ဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တချို့နဲ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတချို့ကို စစ်ကောင်စီရဲ့လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေက လုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook