ရပ်ကျေးအုပ်ချုပ်ရေးမှူး သတင်းပေးဒလန်နဲ့ ပျူစောထီးအဖွဲ့ဝင် ၄၈ ဦးတို့ကို ရှင်းလင်းပြီးဖြစ်တယ်လို့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ရှင်းလင်းရေးလုပ်ရာမှာ ဗိုလ်ဝီလျှံသူရိန်အဖွဲ့က ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေးဗစ်တုတ်တိုအဖွဲ့က ၄ ဦး ဗိုလ်ပေါ်ဦးအဖွဲ့က ၁၄ ဦး ဗိုလ်နဂါးအဖွဲ့က ၁၈ ဦး ဗိုလ်မိုးကြိုးအဖွဲ့က ၃ ဦး ဗိုလ်မုန်တိုင်းအဖွဲ့က ၃ ဦးနဲ့ ဗိုလ်တောက်ထိန်အဖွဲ့က ၂ ဦး အသီးသီးဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီအထဲမှာ တောင်ဖြူဒေသနဲ့ မုံရွာဒေသတွေပါဝင်ပြီး ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၂ ရက်အထိ ၅ ရက်ကြာ လုပ်ဆောင်ခဲ့တာလို့ မိုးကြိုးမုန်တိုင်းအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဒလန်အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တချို့နဲ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတချို့ကို စစ်ကောင်စီရဲ့လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေက လုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။
