Connect with us

Hi, what are you looking for?

News

၀ိုင်းမော်တွင် စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုများ ထပ်လုပ်၍ နေအိမ်အချို့ကျည်ထိမှန်

KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၉ရက် တိုက်ခိုက်မှုမှာ KIA ဖြစ်သော်လည်း ယင်းနေ့ နောက်ပိုင်းတွင် ခလရ (၅၈)တပ်ကို ထပ်မံတိုက်ခိုက်ခြင်းမပြုဟု ပြောကြားသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အခြေစိုက် ခလရ (၅၈) တပ်ရင်းမှ ယနေ့(သြဂုတ်၅ရက်)နံနက်အစောပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ နေအိမ်အချို့ ကျည်ထိမှန်ခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။

“အရင်နေ့ကလည်း တိရိစ္ဆာန်တွေ တော်တော်များများထိသွားတယ်။ လူတွေက ဗုံးခိုကျင်းမှာမို့ လူတွေကမထိဘူး။မနေ့ညက ခဏတော့ ခဏလေးပဲ။ ဒါပေမဲ့ ရွာတွေကို ကျတာ။ နှစ်ဖက်ပစ်တဲ့ဟာမျိုးမဟုတ်ဘူး တစ်ဖက် သတ်ပစ်တာ” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြော သည်။

ယနေ့ နံနက် ၂နာရီ ၄၅မိနစ်ခန့်မှနံနက် ၄နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

ခလရ (၅၈)တပ်အနေဖြင့် ဇူလိုင် ၂၉ရက်ညပိုင်းတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ၎င်းတို့ တပ်အားလာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၂ရက်နှင့် ၃ရက် ညများတွင်လည်း တိုက်ပွဲကြီးများဆင်နွှဲသည့် ပုံစံဖြင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၉ရက် တိုက်ခိုက်မှုမှာ KIA ဖြစ်သော်လည်း ယင်းနေ့ နောက်ပိုင်းတွင် ခလရ (၅၈)တပ်ကို ထပ်မံတိုက်ခိုက်ခြင်းမပြုဟု ပြောကြားသည်။

၀ိုင်းမော်ခလရ(၅၈)တပ်က ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းမှာ စစ်ကောင်စီတပ်က တပ်လှန့်ခြင်း၊ သို့မဟုတ် စစ်ဆင်ရေးပြုလုပ်လို၍ KIA အမည်တပ်ပြီး တိုက်ပွဲဖြစ်သည့်ပုံစံ ဖန်တီးခြင်း စသည့်အချက်များကို စဉ်းစားစရာရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။